ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Monday, July 19, 2010

$အရက်ထက်သာတဲ့မင်း$

ငါသောက်ခဲ့ရတဲ့အရက်ပေါင်းများစွာဒဏ်က
မင်းကိုချစ်မိခဲ့တဲ့အချစ်လောက်မမူးခဲ့ဘူး
အာရုံတွေလွင့်နေတဲ့ ငါကို...
ပြုံးပြုံးလေးနဲချုပ်ကိုင်ထားတဲ့...မင်း..
ခံစားချက်တွေ ဖြစ်ပေါ်လိုက်
နောက်တစ်ဖန်ကျရှုံးလိုက်နဲ
ဒီဒဏ်တွေအထပ်ထပ်ပေးပြီး
ငါ..မင်းအချစ်က မူးနှောက်စေခဲ့တယ်..
အင်းအားမဲ့သတ္တဝါတစ်ကောင်ကို
ကြိုးတစ်ချောင်းနဲရစ်ပတ်ထားပြီး
နှစ်သက်ရာခိုင်းစေခဲ့တယ်..
ခုတော့.....
လိုင်းမဲ့တဲ့ဖုန်းတစ်လုံးကိုဆက်နေရသလို
မျှော်လင့်ချက်ပေးပြီးပစ်ထားခဲ့တာ
မူးရာကနေထပ်ဖြစ်တဲ့အချစ်က
လူတစ်ယောက်လုံးရူးသွပ်စေခဲ့ပြီ။ ။

No comments:

Post a Comment

ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!