ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Friday, September 17, 2010

ကျပျောက်သွားတဲ့ငါ့ဘဝ

ငါဘာတွေဖြစ်ခဲ့
ငါ့ဘဝကို အရုံးပေး
ငါ့ဘဝ ငါရင်မဆိုင်ရဲ
မျှော်လင့်ချက်ရှိရဲံနှု့်
မနက်ဖြန်ဘဝကိုစိုးရိမ်းတွေး
ဖြစ်သင့်တာဖြစ်မလာ
မဖြစ်သင့်တာဖြစ်ခဲ့ရ
နောင်တဆိုတာ နှောင်းမှရသလို
အခုတော့....
ငါ့လဝဆိုတာ ငါ့မှာပျောက်သွားပြီ..။ ။

LEN အချစ်

မေတ္တာစိတ်လေး
တွေးတွေးလေးနှင့်
ရေးရေးလေးသား
မြင်နေရတဲ့
မောင့်ရဲ့အချစ်က
Len ပါ ပါတယ်..။။ ။။

အတုအပ

ပန်းကလေးတစ်ပွင့်
လန်းမလိုလွင့်..
ဇာတိပုံမှန်
လွှမ်းလေရတယ်..။
နေကောင်ဘုန်းမီး
ထွန်းလင်းတောက်ပြောင်
မောင်တို့ပုံသွင်
ပုံဟန်ဆောင်က
မောင်တို့လုပ်ထုံး
မင်းလုပ်နိုင်သည်
ထင်နေလေလား..။
ဒေါင်းအသွင်ဆောင်
မိုက်လှကျီးငယ်
ဝမ်းနည်းစွာမှန်
သင်၏ဘဝ
သင်အလှတို့နှင့်
မှန်စွာတောင်ကျဉ်း
လူတို့ဘောင်ဝယ်
မညိုးသိက္ခာ
ကျက်သရေတို့နှင့်
ပြည့်မည်မှန်စွာ
မြဲလေစွတည်း..။ ။

Tuesday, September 14, 2010

အသဲထက်ကပန်းတစ်ပွင့်

ပန်းရယ်တစ်ပွင့်..အရမ်းရယ်ချစ်..
မချွေရက်တော့..ကြွေမယ့်ရက်သာ
ငါရယ်စောင့်ကာ မျှော်နေမိတယ်.။
မိုးငိုနေတာ မမြင်ရက်တော့
ပန်းဝေချိန်ကို မချွေရက်တာ
ခုတော့....ငါ့မှာ..
လွမ်းနေရတာ နွမ်းနေပြီကွာ.
ရင်မှာလိုအပ် ငါ့ဘဝကို
အသဲထက်မှာ ပန်းတစ်ပွင့်သာ
ပန်ဆင်နေမှာ ထာဝရလေ..။

မင်းပန်းတိုင်သို့

ငါလေတွေးဝေ စိတ်တွေလေ
မဖြစ်သင့်တာ တထင်ထင်
အမြင့်ကိုမှန်း ချိန်ရယ်ခန်း
ခုဝယ်အိပ်ကာ ချိန်ရယ်ဖြုန်းပေါ့.
နောင်ချိန်ငိုမည် မသိလေလား။
နောင်တဆိုတာ နှောင်မှရသလို
နောင်တချိန်မှာ နှောင်းနေမှာလား။
ခေတ်သစ်လေးမှာ ခုရယ်ကြိုးရင်
နှောင်ချိန်မှာလေ နောင်တဆိုတာ
ပိတ်တိတ်ပျောက်၍ အောင်လံထူရဲ့။
ကြားကိစ္စများ ပစ်ပယ်ထားပြီး
မှန်တာထင်ရင် ဇွတ်လုပ်လေ.
မတော်တရား မြင်နေမျှသာ
ဝင်ရောက်ဖက်စွက် ကူပေလိမ့်
နို့မဟုတ်က သွားရယ်လမ်းဝယ်
ခလုပ်သင်းရယ် ဖြစ်ချေပေမယ်.။
ဘေးအာရုံများ စိတ်ကထုတ်၍
ရည်ရွှယ်ချက်သို့ ရောက်လေအောင်သာ
ဆက်ကာသွားလေ မိတ်ဆွေရေ..။

ယုတ်စွအမှန်

စကားရယ်ချိုသာ..
ကိုယ်ဘက်တည်းသာ ပါရလေအောင်
မုသားပါးစပ် သေနတ်ကဲ့သို့
ဆက်တိုက်ပစ်ကာ စွမ်းဆောင်မိန်းမ.။
ဖွံဖွံထွားထွား ငါတို့ယောက်ျား
ပန်းလေးအလား စိတ်ပျော့လေအောင်
နည်းအမျိုးမျိုး ယုတ်စွာထုတ်ကာ
မည်သို့မည်ပုံ ပြုရမည်ဟု.
သိ၏ ထိုဟာ ဒီမိန်းမပါ.။
တိုင်းပြည်ကိုဖျက် အမျိုးပျက်၍
ဆွေမျိုးသားချင်း စိတ်ဝမ်းကွဲအောင်
ပုံရိပ်အဆက်ဆက် ရာဇဝင်တင်လေ.။
ယုတ်ညံမှန်စွာ ထိုသို့သူကား
မိန်းမ..မိန်းမ..ဩော်..မိန်းမတည်း.။

ငါ၏ဘဝရပ်တန့်လေ

တစ်နေတစ်ချိန် မွေးရပ်မြေဆီ
ငါလေအရောက်လှမ်းပေမယ့်..
နေညိုချိန်မှာ ချစ်ရသူရယ်..
လူလော့ကမှ ထွက်ခွာခဲ့ချေကော.။
အပေါ်ရပ်ဆီမှ မောင်အပြန်စောင့်နေသတဲ့
မေတ္တာခွန်းချွေ မိန့်စာအရောက်ရခဲ့ပေမယ့်
ရွာပါအိပ် လှမ်းလို့ဆွဲပြီး ထခဲ့ပေမယ့်
ကြင်နာသူ၏ ခေါ်သံလေးတောင်
ငါရယ်မကြားဖြစ်ခဲ့တာတော့..
ရင်လွှာအသဲ ဒုံးဒိုင်းမြည်ဟိန်း
နှလုံးကိုခြမ်းလိုက်ဘိသကဲ့သို့
တိတ်တခိုးသာ ငိုကျွေးရလေတည်း။
နက်ဖြန်ချိန်ခါ ရွာဦးစေတီ
နေခချိန်မှာတော့.နောက်ပြန်မလှည့်
ရှေ့သို့သာလျှင် ဆက်ကာသွားမည်ဟု
စိတ်ကိုဒုံးချ နှင်လေဦးတော့မည်.။
လောကကြီးရယ် ရက်စက်ပေကော
ငါကိုတဖန် သေကွဲရှင်ကွဲ ထိုဘဝနှင့်
ကင်းလွှတ်ဝေးအောင် ကူပါဦးကွယ်.။
ဒီလိုဘဝ ဒီမှာတင်ပဲ ရပ်တန့်စေလေ..။

♥Online ပေါ်ကချစ်သစ်များ♥

အကောင့်ကိုဖွင့် သူ့ကိုတွေ့
ရင်မှာခံစား အချစ်သစ်များ
Onlineပေါ်ကစကားများ
သူ့လေငါ့ကို ကြွေပမလား..။
မကြွေလဲနေ စိတ်ထဲမဝင်
သူငယ်ချင်းထက်တော့ပိုမယ်နော်..။
မတွေပေမယ့် ဖြစ်တည်းနေတယ်
ငါ့ရင်ထဲက ချစ်သစ်များ..။
အိမ်ပြန်နောက်ကျ နုတ်ဆက်စကား
ငါ့ရင်ထဲမှာ ဟာလိုသွား..။
သူလေးပြန်ချိန် ငါမှိုင်ချိန်
ညဘက်ဖုန်းနား ယောင်လေလေ..။
တွေဝေမသင့် ကောက်ကိုင်လိုက်
သူ့နံပါတ်လေးကောက်နိပ်လိုက်..။
ဒိန်းခနဲဆို ..ဟဲလို.သံက
ငါ့ရင်ထဲကို နွေးထွေးသွားတာ
မင်းသိရဲ့လားကွာ..။

ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!