ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Tuesday, July 10, 2012

Φ အားနာဦးလေ Φ

...ကောင်မလေး....
မင်းကြုံခဲ့တဲ့ အတွေအကြုံဆိုတဲ့
အတိတ် အဟောင်းတွေကို
ခေါက်လိုက်တော့ကွာ..
ခေါင်းစားမနေနဲ့
ယခုက ပစ္စပ္ပုန်ရောက်နေပြီ
အနာဂတ်ကို မင်းကြည့်လိုက်
အသင့်ဆိုတဲ့ အရာတွေ
မင်းလဲ မြင်နေတာပဲ
ဒွိဟဖြစ်နေတဲ့ မင်းစိတ်တွေကို
ပြန်စုစည်းလိုက်.. ပြီးတော့..
မင်းနှလုံးသားရဲ့ တံခါးဝမှာ
ရပ်စောင့်နေတဲ့ ငါ့ကို...
လှစ်လှူရှုထားတာ အားနာဦးလေ...။

♫တို့ဆုံမှတ်♫

ကောင်မလေး.....♥
နေ့သစ်တွေ ပြောင်းပေမယ့်
တို့အချစ်တွေ မပြောင်းသေးဘူးနော်
စက္ကန့်တွေ တချက်ချက် တိုးပေမယ့်
တို့ရင်ခုန်သံက ပိုမြန်နေဆဲပါ....
ဒါပေမယ့်လဲကွာ...
မင်းအတွက် အမှတ်တမဲ့က
တို့အတွက် အမှတ်တရာဖြစ်နေတော့
စိတ်ကူးအိမ်မက်ဆိုတာလဲ
တစ်ခဏအတွက် ကောင်းတာပေါ့...
လက်တွေ့မှာတော့ မျဉ်းပြိုင်လို့ပဲ
ဆုံမှတ်ဆိုတာ တို့တွေအတွက်
တကယ်ရှိပါ့မလားဟင်..??????

☺ မင်းသိမှာပါ.☺

မှောင်လွန်းတဲ့ ညနေခင်း
မကြာခင် ညနက်သွားမယ်..။
ရွာလွန်းတဲ့ မိုးကတော့
မကြာခင် တိတ်သွားမှာပါ...။
ဒါပေမယ့်.....
ချစ်လွန်းတဲ့ အသဲကတော့
မကြာခင် မာတော့မယ်
တစ်စတစ်စနဲ့တော့
အသဲမာရာကနေ `ဒူ`သွားရင်တော့မလွယ်
ချစ်ခြင်းမှန်ရင်တော့
နှလုံးက ခံစားလို့ရမှာပါကွာ..
နှစ်လုံးသားချင်း ထပ်တူရင်
ကိုယ်ချစ်တာ မပြောလဲ မင်းသိမှာပါ ချစ်သူ..။ ။

ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!