ရုပ်ကလေးကြည့်တော့ ခင်စရာ
သူ့ပုံက မချိုမချဉ် ယိသဲ့သဲ့နဲ့
မထိတထိ မရွံ့ပြောတတ်
ခင်ပါ့မယ့် ကြံကာရွယ်သေး
ဇာတိတွေ ပေါ်ပေါ်လာလို့
ပြင်ရနိုင်လား ပြင်ပေးမယ်လေး..။
ယုတ်စွအမှန် စိတ်ယုတ်တွေကို
ဖျောက်မရတောင် လူရှေ့တော့ ထုတ်ပါနဲ့
ကွယ်ရာမှာ အတင်းတုတ်
ဒါ.. မင်းအလုပ်...
မိန်းမမို့ မပြောသာတယ်
ဖြစ်လေ့ရှိတာ မဆန်းပေါင်
စေတနာရှေ့ထား သင်လေတက်ပါနော့
ပေါက်ကရ တကယ်လုပ်
မဟုတ်တာ မပြောနဲ့
ပါးစပ်ယားလို့ လက်သီးတောင်းလား
ထိုးလေမယ်ကွဲ့..။ ။
သူ့ပုံက မချိုမချဉ် ယိသဲ့သဲ့နဲ့
မထိတထိ မရွံ့ပြောတတ်
ခင်ပါ့မယ့် ကြံကာရွယ်သေး
ဇာတိတွေ ပေါ်ပေါ်လာလို့
ပြင်ရနိုင်လား ပြင်ပေးမယ်လေး..။
ယုတ်စွအမှန် စိတ်ယုတ်တွေကို
ဖျောက်မရတောင် လူရှေ့တော့ ထုတ်ပါနဲ့
ကွယ်ရာမှာ အတင်းတုတ်
ဒါ.. မင်းအလုပ်...
မိန်းမမို့ မပြောသာတယ်
ဖြစ်လေ့ရှိတာ မဆန်းပေါင်
စေတနာရှေ့ထား သင်လေတက်ပါနော့
ပေါက်ကရ တကယ်လုပ်
မဟုတ်တာ မပြောနဲ့
ပါးစပ်ယားလို့ လက်သီးတောင်းလား
ထိုးလေမယ်ကွဲ့..။ ။




No comments:
Post a Comment