ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Wednesday, October 3, 2012

ငယ်လေဘဝ

အို..ငယ်လေဘဝ
ငယ်လေဘဝ ပြန်ကာတလဲ
ဘယ်လိုမှပင် မရနိုင်
ခုတော့ငါ့မှာ.. ပြန်ကာတွေးရင်း
ကြည်နူးနေမယ် တို့ဘဝရဲ့ ဖြူစင်ချိန်...
ချစ်ခြင်းဆိုတာ... ဘာလဲဟင်..
မုန်းခြင်းကကော... ဘာလဲ..
နောက်ပြီး....ရှုပ်ပွေလီတဲ့
မာယာတွေ... မာန်မာနရဲ့ပူလောင်ခြင်းတွေကို
ငါဟာ.. တကယ်မသိခဲ့တာပါ....
ခုတော့... ခက်ထန်လှတဲ့ လူလောကမှာ
ခက်ခဲစွာပင် လှမ်းလျှောက်နေရင်း
သောကဖုံဖုံ နင်းကာဖြတ်ရင်း
ဟိုးအဝေးက... အောင်မြင်ခြင်းဆိုတာကို
တစ်လှမ်းချင်း လှမ်းနေရပြီလေ.....။

ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!