ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Tuesday, August 10, 2010

♥မနက်ဖြန်အချိန်♥

တစ်ရက်တစ်ရက်
လွမ်းတတ်နေလို
ရင်မှာဝေဒနာ
အချစ်များစွာနှင့်
မင်းပြန်လာဖို့
အချိန်များစွာနှင့်
ငါစောင့်နေတယ်.။
ခုချိန်လွမ်းနာ
ရင်မှာခလို
ကြင်နာခဲ့တဲ့
အတွေးများသို့သာ
တဖန်ပစ်ခွင်း
နေရရှာတယ်.။
မနက်ဖြန်အတွက်
အချိန်ဆိုတာ
ငါမှာရှိနေခဲ့ရင်
မင်းကိုချစ်လျှက်
စောင့်နေမယ်နော်..။

♥ခွင့်မသာလိုလွမ်းတဲ့အချစ်♥

စကားတွေများလို
စိမ်းကားနေတယ်ထင်လိုလား..
အခွင့်ရယ်မသာ
ကြင်နာစကားပါးချင်လိုသာများနေတာပါ..
လေချင်သပ စိတ်ရယ်ကျ
သူကမထင်ဝေလေလေ
ရင်မှာသောကမီးတောက်ငယ်များ
တဟုန်းဟုန်းလောင်ချစ်ပူရယ်ထ
ဖြစ်သမျှဒုက္ခ ငါရယ်ခံဟ
သွားချစ်မိတာ အပြစ်ကိုးဗျ..
ခုတော့လွမ်းနာ ရင်မှာကျသမို့
အချိန်တွေရယ် ရပ်ပေးပါကွာ..။

Sunday, August 8, 2010

~ဆွေးတသသ~

တိတ်တိတ်ဆိုတဲ့စကားလေးကို
ကျွန်တော်မုန်းလို
ဟိတ်ဟိတ်ဆိုပြီးချစ်ကြည်ခဲ့တယ်
မျက်စောင်းလေးက
ရင်မှာညှိသွားလို့
မမြင်နိုင်တဲ့အချစ်တို့နဲ့
ရင်ထိတ်စွာချစ်နေမိပြီ
ချစ်မိတာအပြစ်မဟုတ်ခဲ့ပေမယ့်
အလွမ်းတို့ကစိုးမိုးနေပြီလေ
အတွေးပေါင်းသောင်းခြောက်ထောင်ရဲ့
ပေါက်ကရအိမ်မက်လေးထဲမှာ
ထူးဆန်းစွာနားခိုနေရတာ
ငါလောက်ရင်နာဖွယ်ရာဆိုတာ
လောကမှာကျန်ရှိသေးရဲ့လားကွာ
လွမ်းတာကိုအခြေခံပြီး
ဟိုအရင်ပျော်ရွှင်ဖွယ်လေးကို
ယောင်ခြောက်ဆယ်ပြန်ကာတွေးရင်း
ဆွေးတသသဖြစ်နေရတယ်
~ချစ်တဲ့သူရယ်~

မျှော်တော်ယောင်လွမ်း

စံချိန်တွေချယ်သ
မှုံဖျဖျ ကန်တော်ဦးမှာ
တူယှဉ်တွဲ လက်ချင်းယှက်လို
နှစ်ကိုသာ တစ်ကိုယ်စိတ်
တေးထပ်ကာပေါင်းလေဘိနဲ့
တို့အတူလျှောက်ခဲ့ဖူးတယ်
မေ့နိုင်ဦးမှာတဲ့လားကွယ်..
အာရုံမိုးရယ်ဖျန်ကျက်လေတော့
ငါရယ်မသိ ချမ်းရှာလေကော.
ခိုက်တုန်အောင်ချမ်းနေသမို
ချစ်သူငယ်ရင်ခွင်ကြားနွေးထွေးစေခဲ့တယ်.
တစ်ညသာနားခိုခွင့်ရခဲ့ပေမယ့်
ခုချိန်တော့ လွမ်းတေးသာဖွဲ့လေပြန်ကော
နေရက်တွေဘာကြောင့်လေးနေတယ်.
အချိန်ဆိုတာအမြင်ကတ်လိုပိတ်ကန်ချင်တယ်
ဘာတွေပဲပြောပြောလေ.ခုတော့...
မင်းလွမ်းတယ်ဆိုတာထက်ပိုနေတယ်..ချစ်ရယ်..။

ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!