ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Friday, December 10, 2010

..♥မကြောက်တရားလက်ကိုင်ထားတဲ့ ချစ်သူ..♥

အပြုံးအရွှင် သူနှင့်ပင်
တင့်ပါရောလား တင့်ပါလေစ။
စကားရယ်တဗြက် နားရယ်ခက်ပေမယ့်
နွဲ့နွဲ့နှောင်းနှောင်း မူဟန်ပေါင်းနှင့်
ပင့်သက်မျက်ခုံး ထပ်ဆင့်ပေါင်းတော့
တမူအလှ စိတ်ဝယ်ကျလို့
ဆိတ်ဆိတ်ရယ်သာ နေရပါပေါ့
စိတ်ထားဖြူဖြူ ကြင်နာတတ်သူ
မာနမခ နှလုံးလှလို့
ပန်းတော်သခင် မြတ်သဇင်ဟု
ဂုဏ်ယူလေးစား မိရချေပေါ့
သတ္တိစွမ်းအား များထက်ပိုလို့
ဖားအော်သံတောင် ပုန်းရချေတယ်
ကြောက်တတ်တာတော့ စိုးရိမ်မိပေါ့
အကြောက်တရား ဘေးသို့ချိတ်၍
မကြောက်တရား လက်ကိုင်ထားကာ
ရှေ့သိုသာမျှော် ရဲဝံ့စွာပင်
လှမ်းလျှောက်ပါလေ ချစ်တဲ့သူရေ...။ ။

...ရင်ကြေပန်း...

အပြုံးတစ်စက် မပျက်လေရဲံ
လှောင်ရယ်သံက ပျက်သုန်းစေခဲ့
ရင်လွှာနှစ်ခြမ်း သိမ့်သိမ့်သည်းလို့
ရွှန်းစက်ဝန်းမှ ပုလဲလုံးသို့..
ဖြိုင်ဖြိုင်သွန်းထန် တဝုန်းဝုန်းနှယ်
ကမ္ဘာမကြေ စာမကြေ၍
ရင်ကြေပန်းတို့ ကြေခဲ့သည်းသား
ဆန်းလေရဲ့လား ဆန်းပါလေလား.။ ။

..သတိရလျှက်..

ရင်မှာစွဲလမ်း ကြင်နာသရမ်း
လက်ဝယ်မခဲ ဗလာချည်လေ
ဟိုသည်ယောင်၍ သာယာပေမယ့်
ခုတော့ရင်မှာ ဟာတာတာနှင့်
လွမ်းမိုးတို့သွမ်း ပြည့်လျှံလျှ့လှိုင်
အသဲတစ်စုံ ပေါင်းစုံရွယ်ယောင်
အမှန်မည်ကား ပုံရိပ်အသွင်
ဘာရယ်ဖြစ်ဖြစ် တစ်ခုရယ်ရှိ
အဝေးမှသည် တိတ်တိတ်တည်းသာ
မမေ့မရက် သတိရလျှက်...။ ။

..အလွမ်းသက်သေ..

အောင်မလေးတော်..ပြောရက်လေဟဲ့
အောင်းမေတမ်းတ သတိမရဘူးရယ်တဲ့
ညှစ်မှထွက်မယ် နှပ်ချီးရယ်..
အဲ့..မှားလို့
ဖြစ်မှဖြစ်မယ် ချစ်သက်ဝေရယ်..
ရင်တွင်းမှထန် ချစ်လှိုင်းများက
နှပ်ညစ်သလို တပျစ်ပျစ်နှယ်
တေပီ..လွန်ပြီဟ
ရိုက်ခတ်လေတယ် မာနကျိုးတယ်
ဒါမှ မှန်တာတီ
စိတ်လစ်လေအောင် ပုတီးစပ်တောင်
ဗုဒ္ဓေါအစား ချစ်တယ် ထွက်တယ်
အာရုံမရ အမျှဝေတောင် လွမ်းတယ် လွမ်းတယ် ယူကြကုန်သော်.။ ။

Easy စစ်ရေး.

ရင်မှာတမ်းတ လွမ်းသမျှကို
မခွန်းမဟ နှစ်သိမ့်ရတာ
မသာယာပါ မင်းသိစေချင်..
ပြောလေလွန်မည် မင်းထင်မည်ဟု
ဒီမှာစိုးရွှံ လူးလိမ့်ရရှာ
မသိအလား ကောင်းပါပေပေါ့..
ငါတို့ယောကျာ်း ဘုန်းမကြောင်ငြှား
စက်မက်ရေးထက် လွမ်းရေးခက်၏။ ။

ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!