အပြုံးအရွှင် သူနှင့်ပင်
တင့်ပါရောလား တင့်ပါလေစ။
စကားရယ်တဗြက် နားရယ်ခက်ပေမယ့်
နွဲ့နွဲ့နှောင်းနှောင်း မူဟန်ပေါင်းနှင့်
ပင့်သက်မျက်ခုံး ထပ်ဆင့်ပေါင်းတော့
တမူအလှ စိတ်ဝယ်ကျလို့
ဆိတ်ဆိတ်ရယ်သာ နေရပါပေါ့
စိတ်ထားဖြူဖြူ ကြင်နာတတ်သူ
မာနမခ နှလုံးလှလို့
ပန်းတော်သခင် မြတ်သဇင်ဟု
ဂုဏ်ယူလေးစား မိရချေပေါ့
သတ္တိစွမ်းအား များထက်ပိုလို့
ဖားအော်သံတောင် ပုန်းရချေတယ်
ကြောက်တတ်တာတော့ စိုးရိမ်မိပေါ့
အကြောက်တရား ဘေးသို့ချိတ်၍
မကြောက်တရား လက်ကိုင်ထားကာ
ရှေ့သိုသာမျှော် ရဲဝံ့စွာပင်
လှမ်းလျှောက်ပါလေ ချစ်တဲ့သူရေ...။ ။



No comments:
Post a Comment