ISO
တဲ့ဗျာ.... ကျွန်တော် အလုပ်သွားလျှောက်လိုက်တာ.. RedLink Communication
Company မှာပေါ့ဗျာ...အလုပ်လေး ပုံမှန်လုပ်ရင်း ဟိုလုပ်ဒီလုပ်ကနေ .. ISO
လာစစ်မယ်တဲ့... ဘာလဲ ISO ကြားတော့ ကြားဖူးပါတယ်.. ဒါပေမယ့်
ဘာမှန်းကိုမသိတာ.. ကိုယ်မှမသိတာပဲဗျာ.. ပြန်မေးကြည့်တာပေါ့.. သိတယ်ဆိုပြီး
ညိမ်နေရင် ဒါဆိုပြောပြလို့ ပြောလာရင် ခွေးအကြီး လှည်းနင်း
ဖြစ်တော့မှာပေါ့.. ဒါနဲ့ပဲ သိဘူး လို့ ပြောရတာပေါ့..
ISO
ဆိုတဲ့ အဓိပ္ပါယ်ကတော့ International Stantard Organization တဲ့..
လုပ်ဆောင်ရမယ့် ကိစ္စတွေကတော့.. Process တွေ တစ်ခုနဲ့ တစ်ခု
ချိတ်ဆက်မိစေဖို့ပေါ့ဗျာ..။ ဒီလိုနဲ့ ISO မြှားဦးကြီးက
ခုမှစဝင်တဲ့ကျွန်တော် လွတ်မလားမှတ်တယ်.. တည့်တည့်ကို တိုးတာပဲဗျာ..
ကျွန်တော်ကလဲ ချသာချ တက်လာမယ့် ပြဿနာ နောက်မှ မျက်နှာချင်းဆိုင်
ရှင်းတတ်တဲ့ သူ ဆိုတော့ ... လုပ်ရတာပေါ့..။
လုပ်လိုက်ရတဲ့ အဖြစ်အပျက်ကတော့ ဒီလိုပဲ ပြောပြမယ်နော်......
ကဲ ISO တဲ့ဟေ့.....
ဘယ်သူ့ကိုမေးရမှန်းလဲ
မသိဘူး ဘယ် File ကိုစကိုင်ရမှန်းလဲ မသိဘူး ISO ဆိုတာကြီး ကြားကတည်က
အလိုလို ခေါင်းကရှုပ်နေတယ်ဆိုတော့ .. လုပ်ပြီဆိုတာနဲ့ စဉ်းစားသာကြည့်
မသောက်ရသေးပဲနေတိုင်းမူးနေရတဲ့ အဖြစ်ပေါ့.။ ဒီလိုနဲ့ ဟိုဟာဆွဲလိုက်...
သူများလုပ်ပြီးသားလေး ယူကြည့်လိုက်.. ဒီဟာဆွဲလိုက်
သူများလုပ်ပြီးသားလေးယူကြည့်လိုက်နဲ့ အချိန်တောင် တစ်ပတ်လောက်ကုန်သွားတယ်
။ ကျွန်တော်ရဲ့ Job Direction က Admin လေ ဘာ Admin လဲတော့ ကျွန်တော်လဲ
ကျွန်တော်ဘာသာ မသိဘူး ။ အဲ့ဒါနဲ့ပဲ Office File တွေ တွေကိုင်လိုက်
Maintenance File တွေကောက်ကိုင်လိုက် .. မရှိတဲ့ File တွေကလဲ
နည်းနည်းလေးထင်တာနှစ်လလောက် မရှိတာတွေ ပြန်လုပ်လိုက်ရတယ်..။ ဟိုဟာမရှိ ..
ဒီဟာကလဲ မရှိနဲ့ ပြီးတော့ ISO ဆိုတာကို အဓိပ္ပါယ်လေးတစ်ခု လောက်သိတဲ့
ကျွန်တော်လို လူက လုပ်နေရတယ်။ တစ်ယောက်တည်း မျက်စိတွေ မူး ခေါင်းတွေ
မှောက်.။ အဲ့ ခေါင်းမှောက်ဆိုလို အိပ်နေတယ်မထင်နဲ့။ တမင်ရေးလိုက်တာ။
ဒီကြားထဲ ရုံးက ဖြစ်သမျှ ကိစ္စတွေကိုလဲ ဒိုင်ခံလုပ်ရသေးတယ်။ ဖြစ်ချင်တော့
ရုံးမှာကလဲ တက်လာတဲ့စာတွေကလည်း အတော်များတယ်။ ဖြစ်ပုံက အဲ့လိုပဲ။
အဲ့ဒါတွေလည်း တစ်ယောက်တည်း ဒိုင်ခံ ဖြေရှင်းရသေးတယ်။ နောက် မအားတဲ့ ကြားကနေ
နားခါးလှတဲ့ ISO ဆိုတာကြီးကိုလဲ လုပ်ရသေးတယ်။ ဟိုပြေးရ ဒီပြေးရနဲ့
မန်နေဂျာက တစ်မျိုး နောက် မန်နေဂျာကြီးက တစ်မျိုး အားလုံးပေါင်းတော့
ပတ်လည်ရိုက်ကုန်ရော.. ပြန်ပြောလို့ကလဲ မရ ..။ ဒါပေမယ့် အားတက်စရာစကားတော့
ပြောပါတယ်။ ကိုဇေမင်းဟန် ISO ပဲလုပ် ကျန်တာ တစ်ယောက်ကိုခိုင်းတဲ့။
ကြားလိုက်တဲ့ အခါတော့ အားတက်စရာပဲ .. ဒါပေမယ် နောက်ကို ပြန်ကြည့်လိုက်တော့
ကိုယ် ထက်ငယ်တဲ့ သူတစ်ယောက်မှ မရှိတော့။ သွားခိုင်းရမှာ အားနာစရာလေ။
ဒီလိုနဲ့ပဲ တစ်ယောက်တည်း အလုပ်တွေ သိမ်းကျုံးလုပ်ရတာပေါ့ဗျာ..။
ဒီလိုပဲ... ဟိုလိုလုပ်လိုက်..
ဒီလိုလုပ်လိုက်နဲ့... နောက်ဆုံးတော့လဲ ဒီတောင်ကို မောင်ဇေ
တစ်ယောက် အေးဆေးစွာ ကျော်နိုင်ခဲ့ပါတယ်ဗျို့....