ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Saturday, July 7, 2012

ငါ့ရင်ခုန်သံ နင်မကြားလား?

ငါ...နင့်ကို
တစ်နေ့လုံး စကားမပြောလဲ ရတယ်။
ငါ...နင့်ကို
တစ်လ လုံး မတွေ့ဖြစ်လဲ ရတယ်။
ဒါပေမယ့်
ငါ...နင့်အကြောင်း
တစ်စက္ကန့်လေးတောင် သတိမရဘဲ မနေနိုင်ဘူး။
သတိရတာထက် လွမ်းတယ်
ချစ်တာထက် သံယောဇဉ်ပိုတယ်
ထားသွားနိုင်တယ်လို့ ပြောနေပေမဲ့
နင်မရှိရင် မဖြစ်ဘူးလို့ ငါ့နှလုံးသားထဲကနေ
တဖွဖွပြောနေတာ နင်တကယ်ပဲ မကြားဘူးလားဟာ...

No comments:

Post a Comment

ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!