ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Saturday, July 7, 2012


သတိရသေးရဲ့လား?

လွမ်းတယ်တဲ့.. ဘာလိုလွမ်းရတာလဲ..
သတိရတယ် ဆိုပဲ... ဟားဟား..
ဘလိုင်းကြီးကို သတိရနေပါရောလား..
နောက်တော့ လာသေးတယ်...
မြင်တိုင်းပျော်ရွှင်မိတယ် ဆိုပဲ.. အလာကြီးပါလား

ဒီလိုအပြုမှုတွေနဲ့.... နေရက်တွေဆက်ခဲ့ပေမယ်...

ခုတော့.....
ခြောက်ကပ်နေတဲ့ နွေ.....
အေးခဲနေတဲ့ ဆောင်း.....
မုန်းတိုင်းဖြစ်မယ့် မိုး ....
ဗျာများတဲ့ ..ရာသီတွေကြားမှာ......

မင်းကို မေ့ပစ်ဖို့ ငါ..ကြိုးစားမိနေတယ်

ဒါပေမယ့်လည်းဟာ...
ကြိုးစားမိတိုင်း  နင့်ကို သတိရနေတယ်....။

ငါ့ရင်ခုန်သံ နင်မကြားလား?

ငါ...နင့်ကို
တစ်နေ့လုံး စကားမပြောလဲ ရတယ်။
ငါ...နင့်ကို
တစ်လ လုံး မတွေ့ဖြစ်လဲ ရတယ်။
ဒါပေမယ့်
ငါ...နင့်အကြောင်း
တစ်စက္ကန့်လေးတောင် သတိမရဘဲ မနေနိုင်ဘူး။
သတိရတာထက် လွမ်းတယ်
ချစ်တာထက် သံယောဇဉ်ပိုတယ်
ထားသွားနိုင်တယ်လို့ ပြောနေပေမဲ့
နင်မရှိရင် မဖြစ်ဘူးလို့ ငါ့နှလုံးသားထဲကနေ
တဖွဖွပြောနေတာ နင်တကယ်ပဲ မကြားဘူးလားဟာ...

မျက်ဝန်းရဲ့အနမ်း

မိုးတွေအုပ်မှိုင်းတဲ့နေ့...
တို့အတွေးတွေ ပုလဲတွေပြည့်နေပြီ
မသေချာတဲ့ ဒီဘ၀အတွက်
တည်ငြိမ်မှုတွေ အလဲထိုးခံနေရပြီ
ပေါ့ပျက်ပျက်နိုင်တဲ့ မင်းရွှီးသမျှကို
ငါ... မျက်ရည်တို့နဲ့ မျှောပေးခဲ့တယ်..
ထားပါတော့...
သိပ်လှတဲ့ မင်းကို
တို့... မျက်ဝန်းတွေနဲ့ပဲ
ခိုးနမ်းပါရစေဟာ......။

Sunday, July 1, 2012

အချစ်…အချစ် (သူသိအောင် ဘယ်လိုပြောရမလဲနော်)

အချစ်ဆိုတာကို
လက်ကလေးနဲ့ ဆုတ်ကိုင်လို့ပြချင်တယ်…
သူမြင်အောင်လို့။ ။

ညညကျ…

ကျွန်တော်ရွတ်ဆိုနေတဲ့
သူ့ကို ချစ်တဲ့အကြောင်းလေးတွေကို
သူကြားစေချင်တယ်။ ။

တကယ် ဘုရားစူး
ကျွန်တော်ချစ်တာ
သူသိစေချင်ရဲ့။ ။

နွေလည်းနွေမို့
သက်သေပြပါဆိုတဲ့စကားတစ်ခွန်းကို
ကြိုးစားခဲ့တာ ပိတောက်တွေသိတယ်။ ။

မိုးကျတော့လည်း
မိုးပြာရောင် ထီးကလေးအသိဆုံးပဲ
ကျွန်တော်မိုးပေးထားတဲ့ ထီးကလေးက
သူ့တစ်ယောက်စာ။ ။

ဆောင်း ပန်းချယ်ရီ
နှင်းငွေ့ရီရီတွေကြားမှာလေ
နွေးထွေးခွင့်ရဖို့ အဖြေတောင်းတော့။ ။

အချစ်ဆိုတာဘာလဲ…၊
ကျွန်မကို သက်သေတစ်ခုခုပြပါလားတဲ့…
ကဲ…..

ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!