အချိန်သည် ပုံမှန်ရွှေ့လျှားနေသည်ကို လူသားအားလုံး သိရှိနားလည်ကြပါသည်။ အချိန်သည် တစ်နေ့ပြီးတစ်နေ့ မရပ်မနားတမ်း ရွှေလျှားနေသည်။
ကျွန်တော်တို့ လူသားတွေ အချိန်ဆိုတာကို မြင်လည်းမမြင်ရနိုင်ပါ။ သို့ပေမယ့် အချိန်တွေ ကုန်ဆုံးနေသည်ဆိုသည်ကို ကျွန်တော်တို့ လူသားအားလုံးယုံကြည့်စွာ လက်ခံနားလည်ထားပါသည်။ အချိန်ကို နောက်ပြန်ဆုတ်နိုင်ပါသလား။ အချိန်ကို ရပ်တန့်၍ ရနိုင်ပါသလား။ အချိန်ကို ကျော်၍ရနိုင်ပါသလား။
တစ်ရွှေ့ရွှေ့ ကုန်ဆုံးနေသည့် အချိန်များကို ကျွန်တော်တို့ လူသားများအဖို့ ရပ်ပါဦး၊ နောက်ကို နည်းနည်းလောက်ပြန်လည်ဆုတ်ပေးပါ၊ ဒီအချိန်ကို မကြိုက်သဖြင့် ကျော်ပေးပါ ဟု မည်သူမည်ဝါမှ ပြောဆို၍ မရနိုင်ပါ။ ကုန်ဆုံးသွားသော အချိန်များကိုလည်း ပြန်လည်တမ်းတနေယုံမှအပ မည်သို့မျှ မတတ်နိုင်ပေ။ မတတ်နိုင်ကြသည့်အဆုံး လူသားများသည် အမှတ်တရ ဆိုသည်နှင့် အစားထိုးကြည့်ကြမည်။ ဥပမာ ငယ်စဉ်တုန်းက ၇ိုက်ထားခဲ့သည့် ဓာတ်ပုံ၊ ငယ်စဉ်က ရေးသားထားခဲ့သည့် စာ၊ အမှတ်အသားများ စသည်တို့ကို ပြုလုပ်တတ်ကြပေသည်။ ငါသည် ဤဓာတ်ပုံ၊ ဤစာ၊ ဤအမှတ်သား ကို မည့်သည့်အချိန်၊ မည့်သည့်အရွှယ်၌ အမှတ်တရ အနေနှင့်ပြုလုပ်ခဲ့သည်ကိုသာ ပြန်လည်တမ်းတနိုင်ပေမည်။ ထိုသို့ ပြန်လည်တမ်းတသော်လည်း ၄င်းအချိန်အခါကို မည်သည့်အခါမှ ပြန်လည်ရောက်ရှိမည် မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့လူသားများသည် အချိန်ကို ရွှေတတ်ကြပါသည်။ မည့်သို့ရွှေ့သနည်း။ကျွနိုပ်တို့လူသားများသည် မနက်ဖြန်များစွာ ပိုင်ဆိုင်ထားသည့်အလျှောက် နောက်နေ့မှ လုပ်ဆောင်မည်။ မနက်ဖြန်၏ နောက်နေ့မှ လုပ်ဆောင်မည် စသည့်ဖြင့် မနက်ဖြန်များစွာကို မျှော်တွေးကာ
အချိန်ကို ရွှေတတ်ကြပါသည်။ ဆိုင်းငံထားတတ်ကြပါသည်။ သို့သော် အချိန်သည် မည်သို့မျှမရပ်ခဲ့ပါ။ လူသားများသာ မျှော်မှန်းလျှက် အချိန်ကိုရွှေကြခြင်းသာ ဖြစ်ပေသည်။
ကျွနိုပ်တို့အတွက် ပစ္စုပ္ပန်သည် အလွန်ခက်ခဲလိမ့်မည်။ သို့သော် အတိတ်သည် လွယ်ကူခဲ့ပါသည်ဟု ထင်မြင်မိလိမ့်မည်။ အတိတ်သည်လည်း ပစ္စုပ္ပန်ဖြစ်ချိန်ကာလတွင် ခက်ခဲခဲ့သည်ကို မမေ့ပါနှင့်။ ကျွန်ုပ်တို့လူသား အများစုသည် လက်ရှိပစ္စုပ္ပန်ကာလကို မခင်တွယ်တတ်ကြပါ။ တချို့မူကား အတိတ်ကို
ပြန်လည်တမ်းတခြင်းတတ်ပေသည်။ တချို့ကား ပစ္စုပ္ပန်ကာလကို မျှော်မှန်းတတ်ကြပေသည်။ ကျွန်ုပ်တို့လူသားများသည် စိတ်အခြေအနေပေါ်မှုတည်၍ တစ်ဦးနှင့်တစ်ဦး အတွေး၊ အမြင်၊ ခံစားမှု စသည်တို့လည်း မတူညီကြပေ။
အတွေးပုံရိပ်တစ်ခုသည် လူတစ်ယောက်၏ အသိပညာကြွယ်ဝလာမှု၊ ရင့်ကျက်တည်ကြည်လာမှု စသည်တို့ကို မိမိတို့ကိုယ်တိုင် ဆင်ချင်သုံးသပ်နိုင်သည်။
ကျွန်ုပ်တို့ စာသင်ချိန်ငယ်ရွယ်စဉ်အခါ၌ ကျွန်ုပ်တို့၏ စိတ်ခံစားချက်၊ အသိပညာ၊ဗဟုသုတ၊ ရင့်ကျက်တည်ကြည်မှု နှင့် ယခုလက်ရှိရောက်ရှိနေသောအချိန်ကာလ၏ ခံစားချက်၊အသိပညာ၊ဗဟုသုတ၊ ရင့်ကျက်တည်ကြည်မှု တို့သည် အလွန်ကွာခြားပြောင်းလဲလာကြောင်း သိရှိနိုင်ပါသည်။ ငယ်ရွယ်စဉ်
အတွေးအခေါ်နှင့် ယခုအတွေးအခေါ်သည် မှန်ကန်သည့်ဘက်သို့ ပြောင်းလဲခဲ့သကဲ့သို့ ယခုလက်ရှိအချိန်ကာလ၏ အတွေးအခေါ်များသည်လည်း နောင်အနာဂတ်အချိန်တစ်ခုတွင် ယခုထက်ပိုမို၍ မှန်ကန်တိကျသည့်ဘက်သို့ ပြောင်းလဲလိမ်မည်ဟု ထင်ရပါသည်။
ကျွန်တော်သည် ဆယ်နှစ်သားအချိန်ကာလ၏ အရွယ်တွင် မိမိဖြစ်ချင်သည်ကို စာတစ်စောင်ရေးသားခဲ့ပါသည်။ ထိုစာသည် ပျောက်သွားခဲ့သဖြင့် ကျွန်တော်၏ စိတ်တွင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် အိမ်ရှင်းလင်းသောအခါ ပြန်လည်တွေ့ခဲ့မိပါသည်။ ထိုစာသည်ဖုန်အလိမ့်လိမ့်တက်ကာ စာရွက်သည်လည်း ဝါကျင်လို့နေသည်။ ၄င်းစာအား ဖွင့်လိုက်သောအခါ စာအတွင်း ဝင်အောင်းနေသော ပိုးကောင်လေးအချို့ထွက်လာခဲ့သည်။ စာတွင်ရေးသားထားသော လက်ရေးတို့သည် ကပေါက်တိ ကပေါက်ရှာရေးသားထားသည်ကို မြင်တွေ့ရသည်။ ထို့နောက် မိမိဖြစ်ချင်ခဲ့သည်ကိုအဓိက အသားပေးရေးဖွဲ့ထားသည်ကိုလည်း ပြန်လည်တွေ့မြင်ရပါသည်။ ဆရာဝန်ကြီး ဖြစ်ချင်သည်။ စစ်ဗိုလ်ကြီးဖြစ်ချင်သည်။ သူဌေးကြီးဖြစ်ချင်သည်။
ငယ်စဉ်က ကျွန်တော်ဖြစ်ချင်သည့် စိတ်နှင့် ယခု လက်ရှိဖြစ်နေသည့် စိတ်အခြေအနေချင်း လုံးဝမတူညီတော့ပါ။ မိမိကိုယ်ကို စိတ်မှ လှောင်ရယ်မိပါသည်။
သို့သော် ကျွန်တော် ငယ်ရွယ်ချိန်ကာလတွင် ရေးခဲ့သည့် စာသည် အလွန်ကြာခဲ့ပြီးဖြစ်သောလည်း ကျွန်တော်တို့ ယခုလို ကြာလွန်းခဲ့သည့် အချိန်ကို သတိမထားမိခဲချေ။
ယခုကဲ့သို့ အမှတ်တရ ဖြစ်စေနိုင်သော ပစ္စည်းတစ်ခုခုကို ပြန်လည်တွေ့မြင်ရသောအခါ အချိန်ကို မြင်လာတတ်ကြပေမည်။ လူအများ ကြုံဖူးလျှင် ကြုံဖူးပါလိမ့်မည်။
ဤကဲ့သို့သော ဖြစ်ရပ်သည် အချိန်ကာလတစ်ခု၏ ကုန်ဆုံးခဲ့သောအချိန်များကို ပြန်လည်စမ်းစစ်နိုင်ပါလိမ့်မည်။ ငါသည် ဟိုရင်အချိန်းတုန်းက ဤကဲ့သို့ ရှိခဲ့သည်။ ယခုမှု ဤသို့ဖြစ်နေပေသည်။ ဟိုရင်ချိန်ကာလ၏ အတွေးအခေါ်များနှင့် ယခုအချိန်ကာလ၏ အတွေးအခေါ်များကို မိမိကိုယ်ကို မည်မျှတိုးတက်လာသည်ဟု သုံးသပ်နိုင်လိမ့်မည်။ မျှော်မှန်းထားခဲ့သည် အနာဂတ်ကာလသို့ ရောက်ရှိလာသည့်အခါ ပစ္စပ္ပုန်ထက် ပိုမို၍ကောင်းမည်ဟု ထင်ရပါလိမ့်မည်။
ကျွန်တော်တို့ အချိန်ကို အဓိပ္ပါယ်ရှိစွာ အသုံးချခြင်းဖြင့် အချိန်ရဲ့ ကျေနပ်မှုကို ရရှိလာပါလိမ့်မည်။ စိတ်ကျေနပ်မှုသည် လေးနက်သော ပျော်ရွှင်မှု တစ်ခု
ဖြစ်လိမ့်မည်။ ပျော်ရွှင်မှုတစ်ခုတည်းသာ ဦးစားပေးလျှင် အချိန်မှ ပေးမည့် ပျော်ရွှင်ခြင်းကို မရနိုင်ပါ။ အချိန်ရဲ့ ကုန်ဆုံးချိန်တွေကို အချိန်တိုင်း သိချင်လျှင်အချိန်တိုင်း အမြဲတမ်း သတိနှင့်နေပါ။