ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Monday, January 14, 2013

မတနောင်တ

ဖြစ်ခဲ့တဲ့ အတိတ်ကို 
လွမ်းမျှော်သသ မှန်းမျှော်စပြီး
တမ်းဖို့ရန် မသင့်တော့ချေ...။
ဖြစ်မည်ထင်ရ အတိတ်ကိုလဲ
မှန်းဆယောင်ယောင် မျှော်တော်ရှည်ပြီး
ငေးမှိုင်ဖို့ရန် မသင့်တော့ချေ...။
ဤချိန်ကာလ ပစ္စုပ္ပန်ဝယ်
လုပ်သင့်သည်ကို မစောင့်ဆိုင်းဘဲ
မငေးမငိုင် မတုန့်မဆိုင်း
မြန်လျှင်မြန်ချင်း လုပ်စမ်းပါလေ့
နောင်ခါတရ မလုပ်နာဟု
နောင်တဆိုတာ မရှိလင့်အံ့...။
(ဒဂုံမင်းချစ်သူ)

(နောင်တ ဆိုတာ ရထားလမ်းတစ်ခုလို စပြီးရင်တော့ သံသရာ မဆုံးသတ်နိုင်ဘူးမိတ်ဆွေ)

No comments:

Post a Comment

ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!