တစ်နေတစ်ချိန် မွေးရပ်မြေဆီ
ငါလေအရောက်လှမ်းပေမယ့်..
နေညိုချိန်မှာ ချစ်ရသူရယ်..
လူလော့ကမှ ထွက်ခွာခဲ့ချေကော.။
အပေါ်ရပ်ဆီမှ မောင်အပြန်စောင့်နေသတဲ့
မေတ္တာခွန်းချွေ မိန့်စာအရောက်ရခဲ့ပေမယ့်
ရွာပါအိပ် လှမ်းလို့ဆွဲပြီး ထခဲ့ပေမယ့်
ကြင်နာသူ၏ ခေါ်သံလေးတောင်
ငါရယ်မကြားဖြစ်ခဲ့တာတော့..
ရင်လွှာအသဲ ဒုံးဒိုင်းမြည်ဟိန်း
နှလုံးကိုခြမ်းလိုက်ဘိသကဲ့သို့
တိတ်တခိုးသာ ငိုကျွေးရလေတည်း။
နက်ဖြန်ချိန်ခါ ရွာဦးစေတီ
နေခချိန်မှာတော့.နောက်ပြန်မလှည့်
ရှေ့သို့သာလျှင် ဆက်ကာသွားမည်ဟု
စိတ်ကိုဒုံးချ နှင်လေဦးတော့မည်.။
လောကကြီးရယ် ရက်စက်ပေကော
ငါကိုတဖန် သေကွဲရှင်ကွဲ ထိုဘဝနှင့်
ကင်းလွှတ်ဝေးအောင် ကူပါဦးကွယ်.။
ဒီလိုဘဝ ဒီမှာတင်ပဲ ရပ်တန့်စေလေ..။



No comments:
Post a Comment