ငါလေတွေးဝေ စိတ်တွေလေ
မဖြစ်သင့်တာ တထင်ထင်
အမြင့်ကိုမှန်း ချိန်ရယ်ခန်း
ခုဝယ်အိပ်ကာ ချိန်ရယ်ဖြုန်းပေါ့.
နောင်ချိန်ငိုမည် မသိလေလား။
နောင်တဆိုတာ နှောင်မှရသလို
နောင်တချိန်မှာ နှောင်းနေမှာလား။
ခေတ်သစ်လေးမှာ ခုရယ်ကြိုးရင်
နှောင်ချိန်မှာလေ နောင်တဆိုတာ
ပိတ်တိတ်ပျောက်၍ အောင်လံထူရဲ့။
ကြားကိစ္စများ ပစ်ပယ်ထားပြီး
မှန်တာထင်ရင် ဇွတ်လုပ်လေ.
မတော်တရား မြင်နေမျှသာ
ဝင်ရောက်ဖက်စွက် ကူပေလိမ့်
နို့မဟုတ်က သွားရယ်လမ်းဝယ်
ခလုပ်သင်းရယ် ဖြစ်ချေပေမယ်.။
ဘေးအာရုံများ စိတ်ကထုတ်၍
ရည်ရွှယ်ချက်သို့ ရောက်လေအောင်သာ
ဆက်ကာသွားလေ မိတ်ဆွေရေ..။



No comments:
Post a Comment