ဘာတွေများအလိုရှိနေတာလဲခင်ဗျာ......
မင်းထွက်သွားလိုက်တာကွာ ငါရင်ထဲကဟင်းလင်းပြင်ကြီးဖြစ်ကျန်နေခဲ့တာ ဘာမှမရှိတော့ဘူး...
မင်းပြောလိုက်ပါဟာ..
ဘာမှမရှိတော့တဲ့ ငါရင်ခွင်ထဲက မင်းလိုချင်တာငါရင်ထဲမှာ ကျန်နေသေးရင်ပြောလိုက်ပါ..မင်းထားဝရပျော်နေဖို့ ငါရင်ခွင်ကို
စတေးပြီးသားပါ..
ချစ်သူရေ.....
မင်းထွက်သွားကတည်းက လွမ်းနေတဲ့ ငါရဲ့အလွမ်းတွေက နေရက်တွေနဲအမျှ တပိုးနှစ်အောင် တိုးပွားနေခဲ့တာ ဒီနေထိတိုင်အောင်
လိုပြောရင် မင်းရီနေမလားကွာ..မင်းရီလိုက်ပါ ငါအလွမ်းတွေက မင်းအတွက်ရီစရာတစ်ခုဖြစ်နေမယ်ဆိုရင် မင်းစိတ်ကြိုက်ရီပစ်လိုက်ပါ ငါကျေနပ်ပါတယ် မင်းပျော်ဖို့အတွက် ငါလွမ်းပေးပါမယ်ချစ်သူရာယ်..
ခုတော့....
ဘာမှမရှိတော့တဲ့ ငါဟင်းလင်းပြင်ငါရင်ခွင်ကြီးကို အလွမ်းရာသီသတုကြီးကစိုးမိုးနေတယ် ငါဆက်လွမ်းနေဦးမယ် ချစ်သူရာယ်...။



No comments:
Post a Comment