ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Monday, July 19, 2010

►မေယဝတီကျွန်းသူ►

►လှပသွယ်ပြောင်း စကားချိုလှ
►အာရုံနက်ခင်း ကျက်သရေမျှ
►မြသွယ်ဆံလှ အရှည်ချသည့်
►ကျွန်သူသည်ကား မေယဝတီ..
►ငွေလှိုင်းတို့ဖြူ သောင်ပြင်ထက်ဝယ်
►မြင်လျှင်ရုမဝ သူ့သည်အလှ
►မြင်ချင်စမ်းပါဘိ နတ်မိမယ်ငယ်...
►ရေပတ်လည်ဝိုင်း စိမ်းလဲ့တောတောင်
►ကြည်လင်ပြာလှ ကောင်းကင်အောက်ဝယ်
►ရေပြာရေပြင် ပြာနုပေတယ်..
►နူးညံဖွံထွား သားငါးသီးနှံ
►ရိုးသည်မရှိ ဝခမန်းသီး
►ဖြူစင်ရွှေသား ကြွေရုပ်တင့်သည်
►ကျွန်းသူငယ်ဝယ် လှကိုယ်လုံးကြွယ်
►ရွှန်းဝင့်တင့်တယ် စကားကြွယ်သည့်
►မေယဝတီကျွန်းသူ.ငယ်ရာယ်...။ ။

No comments:

Post a Comment

ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!