
အကြင်နာမျက်ဝန်း
ရင်ခုန်သံကြားစူးနေလို
တိတ်ဆိတ်ခဲနေတဲ့
နှလုံးသားလေးလဲ..ခုဆို
ချစ်သူနေမင်းလေးကြောင့်
သာယာတဲ့ပင်လယ်ပြင်ဖြစ်ပြီ
အတွေးသစ်ရဲ့ ရောင်စုံပန်းလေးဟာလဲ
ပွင့်လန်းနေခဲ့ပြန်ပြီ..
တိမ်မြုပ်နေတဲ့
ဥယာဉ်လေးလဲကျေးငှက်တို့ပြောရွှင်နေပြီ
အဆင်စုံလင်တဲ့လိပ်ပြာတွေနဲ
ရေခဲစမ်းချောင်းလေး
ပြည့်ကျက်နေတဲ့သီးပင်
စက္ကန့်တိုင်းက
ငါ့အတွက်တန်ဖိုးရှိနေပြီလေ
ရောက်တတ်ရာရာလေလွင့်ခဲ့တဲ့ဘဝလေးကနေ
သံယောဇဉ်တွေစွန်းညှိနေတဲ့
ချစ်သူလေးနဲအတူ
နေဝင်မယ်ဆိုတာအသာထားပြီး
လက်တွဲကာတူလျှောက်နိုင်ပြီလေ..။



No comments:
Post a Comment