
ငါအိုသွားတဲ့အခါ ငါဟာ အရင်ကငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။
စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။
ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ လုံချည်ပေါ် ဖိတ်စင်သွားတဲ့အခါ၊ လုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက
ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုင်္ပြီးသတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးခဲ့တဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်က အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည
ပုံပြင်တွေ ၊ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်တွေ ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့
ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းကချော့တစ်လှည့်ခြောက်တစ်လှည့်
ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့။ ငယ်ငယ်တုန်းက
“ဘာကြောင့်” ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို
သတိရပေးပါ။
စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီးလမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်းလမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို ပြန်သတိရပေးပါ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီင်္း ၀မ်းမနည်းပါနဲ့။ အရင်တုန်းကလူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို
အခုချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ချစ်ခြင်းတွေနဲ့
အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ
မဆံုးနိုင်တဲ့ ငါ့ချစ်ခြင်းတွေကို တွေ့ရမှာပါ။

သားသမီးအားလုံး.....ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေ။
(မှတ်ချက်။ ။ မေးတစ်ခုမှတင်ပေးလိုက်ခြင်း)


No comments:
Post a Comment