ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Tuesday, July 17, 2012

ထာဝရရဲ့ပေးဆပ်ခြင်း

အးချမ်းနေတဲ့ ... သူ့ရဲ့အပြုံးလေး
ကြည်လင်နေတဲ့ ... သူ့မျက်ဝန်းတွေ
နောက်တော့ ...... သူ့စကားတွေကြား
ကျွန်တော်အိမ်မက်လေးတွေ စီးမျှောနေခဲ့ပြီ...

တကယ်တော့ ... ရုတ်တရက် ဆုံတွေချိန်မှာ
မသိမသာ လှုပ်ခတ်သွားတဲ့... ငါ့နှလုံးသားဟာ
ခုတော့ ... ဒီဂရီတွေတောင် မိုင်ကုန်နေပြီပေါ့...

စိတ်တွေလဲမခိုင် ... ထိန်းမနိုင်တဲ့ ဒီနှလုံးသားလေးလဲ
စိတ်ရှိသလိုသာ ... ချစ်လိုက်ပါတော့ကွာ....

ဘယ်လိုမှ မတားနိုင်တဲ့ .. ကိုယ့်ရဲ့ မသိစိတ်တွေက
မင်းအတွက် .. ထာဝရ အရုံးပေးလိုက်ပြီနော်.....

No comments:

Post a Comment

ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!