ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Wednesday, October 3, 2012

ငယ်လေဘဝ

အို..ငယ်လေဘဝ
ငယ်လေဘဝ ပြန်ကာတလဲ
ဘယ်လိုမှပင် မရနိုင်
ခုတော့ငါ့မှာ.. ပြန်ကာတွေးရင်း
ကြည်နူးနေမယ် တို့ဘဝရဲ့ ဖြူစင်ချိန်...
ချစ်ခြင်းဆိုတာ... ဘာလဲဟင်..
မုန်းခြင်းကကော... ဘာလဲ..
နောက်ပြီး....ရှုပ်ပွေလီတဲ့
မာယာတွေ... မာန်မာနရဲ့ပူလောင်ခြင်းတွေကို
ငါဟာ.. တကယ်မသိခဲ့တာပါ....
ခုတော့... ခက်ထန်လှတဲ့ လူလောကမှာ
ခက်ခဲစွာပင် လှမ်းလျှောက်နေရင်း
သောကဖုံဖုံ နင်းကာဖြတ်ရင်း
ဟိုးအဝေးက... အောင်မြင်ခြင်းဆိုတာကို
တစ်လှမ်းချင်း လှမ်းနေရပြီလေ.....။

Sunday, August 12, 2012

ငါ.. နင်ရဲ့ ပထမလူပဲ ဖြစ်ဖြစ်
ဒုတိယလူပဲဖြစ်ဖြစ်
ငါ ဂရုမစိုက်ဘူး
ငါဖြစ်ချင်တာက 
နင့်ရင်ထဲက 
ထာဝရလူပဲ ဖြစ်ချင်တာလေ ချစ်သူ...

ဒဂုံမင်းချစ်သူရဲ့ဘ၀ပုံရိပ်လေးများ








Friday, August 3, 2012

သူငယ်ချင်း

သူငယ်ချင်း....
နင်သွားပါ.. ငါအမြဲလိုက်နေမယ် ..
နင်ရဲ့ဒေါသတွေ.. ငါ့ဆီပဲ ပုံချနေတယ်
နင်စိတ်ဆိုးလဲ ငါအမြဲချော့ပေးနေမယ်..
နင်စိတ်တိုင်းကျ .. နင့်ဆန္ဒအတိုင်း
နင်ကျေနပ်ဖို့ ငါအမြဲလိုက်ရောပေးခဲ့တယ်..
နင်ရဲ့ဒုက္ခတွေကြားထဲလဲ ငါရှေ့ကအမြဲနေပေးခဲ့ဖူးတယ်..
ဒါပေမယ့်..................
နင် ငါ့ကို တစ်ခါမှ အကောင်းမမြင်ခဲ့ဘူးနော်..
အဲ့အတွက်လဲ စိတ်မဆိုးခဲ့ပါဘူး..

ဘာလိုလဲဆိုတော့...
ငါ.... နင့်ကို.. ရိုးရိုးလေးပဲ ချစ်မိနေလို့ပေါ့...။
(ဒဂုံမင်းချစ်သူ)

Tuesday, July 17, 2012

ထာဝရရဲ့ပေးဆပ်ခြင်း

အးချမ်းနေတဲ့ ... သူ့ရဲ့အပြုံးလေး
ကြည်လင်နေတဲ့ ... သူ့မျက်ဝန်းတွေ
နောက်တော့ ...... သူ့စကားတွေကြား
ကျွန်တော်အိမ်မက်လေးတွေ စီးမျှောနေခဲ့ပြီ...

တကယ်တော့ ... ရုတ်တရက် ဆုံတွေချိန်မှာ
မသိမသာ လှုပ်ခတ်သွားတဲ့... ငါ့နှလုံးသားဟာ
ခုတော့ ... ဒီဂရီတွေတောင် မိုင်ကုန်နေပြီပေါ့...

စိတ်တွေလဲမခိုင် ... ထိန်းမနိုင်တဲ့ ဒီနှလုံးသားလေးလဲ
စိတ်ရှိသလိုသာ ... ချစ်လိုက်ပါတော့ကွာ....

ဘယ်လိုမှ မတားနိုင်တဲ့ .. ကိုယ့်ရဲ့ မသိစိတ်တွေက
မင်းအတွက် .. ထာဝရ အရုံးပေးလိုက်ပြီနော်.....

Tuesday, July 10, 2012

Φ အားနာဦးလေ Φ

...ကောင်မလေး....
မင်းကြုံခဲ့တဲ့ အတွေအကြုံဆိုတဲ့
အတိတ် အဟောင်းတွေကို
ခေါက်လိုက်တော့ကွာ..
ခေါင်းစားမနေနဲ့
ယခုက ပစ္စပ္ပုန်ရောက်နေပြီ
အနာဂတ်ကို မင်းကြည့်လိုက်
အသင့်ဆိုတဲ့ အရာတွေ
မင်းလဲ မြင်နေတာပဲ
ဒွိဟဖြစ်နေတဲ့ မင်းစိတ်တွေကို
ပြန်စုစည်းလိုက်.. ပြီးတော့..
မင်းနှလုံးသားရဲ့ တံခါးဝမှာ
ရပ်စောင့်နေတဲ့ ငါ့ကို...
လှစ်လှူရှုထားတာ အားနာဦးလေ...။

♫တို့ဆုံမှတ်♫

ကောင်မလေး.....♥
နေ့သစ်တွေ ပြောင်းပေမယ့်
တို့အချစ်တွေ မပြောင်းသေးဘူးနော်
စက္ကန့်တွေ တချက်ချက် တိုးပေမယ့်
တို့ရင်ခုန်သံက ပိုမြန်နေဆဲပါ....
ဒါပေမယ့်လဲကွာ...
မင်းအတွက် အမှတ်တမဲ့က
တို့အတွက် အမှတ်တရာဖြစ်နေတော့
စိတ်ကူးအိမ်မက်ဆိုတာလဲ
တစ်ခဏအတွက် ကောင်းတာပေါ့...
လက်တွေ့မှာတော့ မျဉ်းပြိုင်လို့ပဲ
ဆုံမှတ်ဆိုတာ တို့တွေအတွက်
တကယ်ရှိပါ့မလားဟင်..??????

☺ မင်းသိမှာပါ.☺

မှောင်လွန်းတဲ့ ညနေခင်း
မကြာခင် ညနက်သွားမယ်..။
ရွာလွန်းတဲ့ မိုးကတော့
မကြာခင် တိတ်သွားမှာပါ...။
ဒါပေမယ့်.....
ချစ်လွန်းတဲ့ အသဲကတော့
မကြာခင် မာတော့မယ်
တစ်စတစ်စနဲ့တော့
အသဲမာရာကနေ `ဒူ`သွားရင်တော့မလွယ်
ချစ်ခြင်းမှန်ရင်တော့
နှလုံးက ခံစားလို့ရမှာပါကွာ..
နှစ်လုံးသားချင်း ထပ်တူရင်
ကိုယ်ချစ်တာ မပြောလဲ မင်းသိမှာပါ ချစ်သူ..။ ။

Saturday, July 7, 2012


သတိရသေးရဲ့လား?

လွမ်းတယ်တဲ့.. ဘာလိုလွမ်းရတာလဲ..
သတိရတယ် ဆိုပဲ... ဟားဟား..
ဘလိုင်းကြီးကို သတိရနေပါရောလား..
နောက်တော့ လာသေးတယ်...
မြင်တိုင်းပျော်ရွှင်မိတယ် ဆိုပဲ.. အလာကြီးပါလား

ဒီလိုအပြုမှုတွေနဲ့.... နေရက်တွေဆက်ခဲ့ပေမယ်...

ခုတော့.....
ခြောက်ကပ်နေတဲ့ နွေ.....
အေးခဲနေတဲ့ ဆောင်း.....
မုန်းတိုင်းဖြစ်မယ့် မိုး ....
ဗျာများတဲ့ ..ရာသီတွေကြားမှာ......

မင်းကို မေ့ပစ်ဖို့ ငါ..ကြိုးစားမိနေတယ်

ဒါပေမယ့်လည်းဟာ...
ကြိုးစားမိတိုင်း  နင့်ကို သတိရနေတယ်....။

ငါ့ရင်ခုန်သံ နင်မကြားလား?

ငါ...နင့်ကို
တစ်နေ့လုံး စကားမပြောလဲ ရတယ်။
ငါ...နင့်ကို
တစ်လ လုံး မတွေ့ဖြစ်လဲ ရတယ်။
ဒါပေမယ့်
ငါ...နင့်အကြောင်း
တစ်စက္ကန့်လေးတောင် သတိမရဘဲ မနေနိုင်ဘူး။
သတိရတာထက် လွမ်းတယ်
ချစ်တာထက် သံယောဇဉ်ပိုတယ်
ထားသွားနိုင်တယ်လို့ ပြောနေပေမဲ့
နင်မရှိရင် မဖြစ်ဘူးလို့ ငါ့နှလုံးသားထဲကနေ
တဖွဖွပြောနေတာ နင်တကယ်ပဲ မကြားဘူးလားဟာ...

မျက်ဝန်းရဲ့အနမ်း

မိုးတွေအုပ်မှိုင်းတဲ့နေ့...
တို့အတွေးတွေ ပုလဲတွေပြည့်နေပြီ
မသေချာတဲ့ ဒီဘ၀အတွက်
တည်ငြိမ်မှုတွေ အလဲထိုးခံနေရပြီ
ပေါ့ပျက်ပျက်နိုင်တဲ့ မင်းရွှီးသမျှကို
ငါ... မျက်ရည်တို့နဲ့ မျှောပေးခဲ့တယ်..
ထားပါတော့...
သိပ်လှတဲ့ မင်းကို
တို့... မျက်ဝန်းတွေနဲ့ပဲ
ခိုးနမ်းပါရစေဟာ......။

Sunday, July 1, 2012

အချစ်…အချစ် (သူသိအောင် ဘယ်လိုပြောရမလဲနော်)

အချစ်ဆိုတာကို
လက်ကလေးနဲ့ ဆုတ်ကိုင်လို့ပြချင်တယ်…
သူမြင်အောင်လို့။ ။

ညညကျ…

ကျွန်တော်ရွတ်ဆိုနေတဲ့
သူ့ကို ချစ်တဲ့အကြောင်းလေးတွေကို
သူကြားစေချင်တယ်။ ။

တကယ် ဘုရားစူး
ကျွန်တော်ချစ်တာ
သူသိစေချင်ရဲ့။ ။

နွေလည်းနွေမို့
သက်သေပြပါဆိုတဲ့စကားတစ်ခွန်းကို
ကြိုးစားခဲ့တာ ပိတောက်တွေသိတယ်။ ။

မိုးကျတော့လည်း
မိုးပြာရောင် ထီးကလေးအသိဆုံးပဲ
ကျွန်တော်မိုးပေးထားတဲ့ ထီးကလေးက
သူ့တစ်ယောက်စာ။ ။

ဆောင်း ပန်းချယ်ရီ
နှင်းငွေ့ရီရီတွေကြားမှာလေ
နွေးထွေးခွင့်ရဖို့ အဖြေတောင်းတော့။ ။

အချစ်ဆိုတာဘာလဲ…၊
ကျွန်မကို သက်သေတစ်ခုခုပြပါလားတဲ့…
ကဲ…..

ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!