Tuesday, March 12, 2013
Friday, January 18, 2013
အချိန်ရဲ့ခြားနားချက်များ
အချိန်သည် ပုံမှန်ရွှေ့လျှားနေသည်ကို လူသားအားလုံး သိရှိနားလည်ကြပါသည်။ အချိန်သည် တစ်နေ့ပြီးတစ်နေ့ မရပ်မနားတမ်း ရွှေလျှားနေသည်။
ကျွန်တော်တို့ လူသားတွေ အချိန်ဆိုတာကို မြင်လည်းမမြင်ရနိုင်ပါ။ သို့ပေမယ့် အချိန်တွေ ကုန်ဆုံးနေသည်ဆိုသည်ကို ကျွန်တော်တို့ လူသားအားလုံးယုံကြည့်စွာ လက်ခံနားလည်ထားပါသည်။ အချိန်ကို နောက်ပြန်ဆုတ်နိုင်ပါသလား။ အချိန်ကို ရပ်တန့်၍ ရနိုင်ပါသလား။ အချိန်ကို ကျော်၍ရနိုင်ပါသလား။
တစ်ရွှေ့ရွှေ့ ကုန်ဆုံးနေသည့် အချိန်များကို ကျွန်တော်တို့ လူသားများအဖို့ ရပ်ပါဦး၊ နောက်ကို နည်းနည်းလောက်ပြန်လည်ဆုတ်ပေးပါ၊ ဒီအချိန်ကို မကြိုက်သဖြင့် ကျော်ပေးပါ ဟု မည်သူမည်ဝါမှ ပြောဆို၍ မရနိုင်ပါ။ ကုန်ဆုံးသွားသော အချိန်များကိုလည်း ပြန်လည်တမ်းတနေယုံမှအပ မည်သို့မျှ မတတ်နိုင်ပေ။ မတတ်နိုင်ကြသည့်အဆုံး လူသားများသည် အမှတ်တရ ဆိုသည်နှင့် အစားထိုးကြည့်ကြမည်။ ဥပမာ ငယ်စဉ်တုန်းက ၇ိုက်ထားခဲ့သည့် ဓာတ်ပုံ၊ ငယ်စဉ်က ရေးသားထားခဲ့သည့် စာ၊ အမှတ်အသားများ စသည်တို့ကို ပြုလုပ်တတ်ကြပေသည်။ ငါသည် ဤဓာတ်ပုံ၊ ဤစာ၊ ဤအမှတ်သား ကို မည့်သည့်အချိန်၊ မည့်သည့်အရွှယ်၌ အမှတ်တရ အနေနှင့်ပြုလုပ်ခဲ့သည်ကိုသာ ပြန်လည်တမ်းတနိုင်ပေမည်။ ထိုသို့ ပြန်လည်တမ်းတသော်လည်း ၄င်းအချိန်အခါကို မည်သည့်အခါမှ ပြန်လည်ရောက်ရှိမည် မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့လူသားများသည် အချိန်ကို ရွှေတတ်ကြပါသည်။ မည့်သို့ရွှေ့သနည်း။ကျွနိုပ်တို့လူသားများသည် မနက်ဖြန်များစွာ ပိုင်ဆိုင်ထားသည့်အလျှောက် နောက်နေ့မှ လုပ်ဆောင်မည်။ မနက်ဖြန်၏ နောက်နေ့မှ လုပ်ဆောင်မည် စသည့်ဖြင့် မနက်ဖြန်များစွာကို မျှော်တွေးကာ
အချိန်ကို ရွှေတတ်ကြပါသည်။ ဆိုင်းငံထားတတ်ကြပါသည်။ သို့သော် အချိန်သည် မည်သို့မျှမရပ်ခဲ့ပါ။ လူသားများသာ မျှော်မှန်းလျှက် အချိန်ကိုရွှေကြခြင်းသာ ဖြစ်ပေသည်။
ကျွနိုပ်တို့အတွက် ပစ္စုပ္ပန်သည် အလွန်ခက်ခဲလိမ့်မည်။ သို့သော် အတိတ်သည် လွယ်ကူခဲ့ပါသည်ဟု ထင်မြင်မိလိမ့်မည်။ အတိတ်သည်လည်း ပစ္စုပ္ပန်ဖြစ်ချိန်ကာလတွင် ခက်ခဲခဲ့သည်ကို မမေ့ပါနှင့်။ ကျွန်ုပ်တို့လူသား အများစုသည် လက်ရှိပစ္စုပ္ပန်ကာလကို မခင်တွယ်တတ်ကြပါ။ တချို့မူကား အတိတ်ကို
ပြန်လည်တမ်းတခြင်းတတ်ပေသည်။ တချို့ကား ပစ္စုပ္ပန်ကာလကို မျှော်မှန်းတတ်ကြပေသည်။ ကျွန်ုပ်တို့လူသားများသည် စိတ်အခြေအနေပေါ်မှုတည်၍ တစ်ဦးနှင့်တစ်ဦး အတွေး၊ အမြင်၊ ခံစားမှု စသည်တို့လည်း မတူညီကြပေ။
အတွေးပုံရိပ်တစ်ခုသည် လူတစ်ယောက်၏ အသိပညာကြွယ်ဝလာမှု၊ ရင့်ကျက်တည်ကြည်လာမှု စသည်တို့ကို မိမိတို့ကိုယ်တိုင် ဆင်ချင်သုံးသပ်နိုင်သည်။
ကျွန်ုပ်တို့ စာသင်ချိန်ငယ်ရွယ်စဉ်အခါ၌ ကျွန်ုပ်တို့၏ စိတ်ခံစားချက်၊ အသိပညာ၊ဗဟုသုတ၊ ရင့်ကျက်တည်ကြည်မှု နှင့် ယခုလက်ရှိရောက်ရှိနေသောအချိန်ကာလ၏ ခံစားချက်၊အသိပညာ၊ဗဟုသုတ၊ ရင့်ကျက်တည်ကြည်မှု တို့သည် အလွန်ကွာခြားပြောင်းလဲလာကြောင်း သိရှိနိုင်ပါသည်။ ငယ်ရွယ်စဉ်
အတွေးအခေါ်နှင့် ယခုအတွေးအခေါ်သည် မှန်ကန်သည့်ဘက်သို့ ပြောင်းလဲခဲ့သကဲ့သို့ ယခုလက်ရှိအချိန်ကာလ၏ အတွေးအခေါ်များသည်လည်း နောင်အနာဂတ်အချိန်တစ်ခုတွင် ယခုထက်ပိုမို၍ မှန်ကန်တိကျသည့်ဘက်သို့ ပြောင်းလဲလိမ်မည်ဟု ထင်ရပါသည်။
ကျွန်တော်သည် ဆယ်နှစ်သားအချိန်ကာလ၏ အရွယ်တွင် မိမိဖြစ်ချင်သည်ကို စာတစ်စောင်ရေးသားခဲ့ပါသည်။ ထိုစာသည် ပျောက်သွားခဲ့သဖြင့် ကျွန်တော်၏ စိတ်တွင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် အိမ်ရှင်းလင်းသောအခါ ပြန်လည်တွေ့ခဲ့မိပါသည်။ ထိုစာသည်ဖုန်အလိမ့်လိမ့်တက်ကာ စာရွက်သည်လည်း ဝါကျင်လို့နေသည်။ ၄င်းစာအား ဖွင့်လိုက်သောအခါ စာအတွင်း ဝင်အောင်းနေသော ပိုးကောင်လေးအချို့ထွက်လာခဲ့သည်။ စာတွင်ရေးသားထားသော လက်ရေးတို့သည် ကပေါက်တိ ကပေါက်ရှာရေးသားထားသည်ကို မြင်တွေ့ရသည်။ ထို့နောက် မိမိဖြစ်ချင်ခဲ့သည်ကိုအဓိက အသားပေးရေးဖွဲ့ထားသည်ကိုလည်း ပြန်လည်တွေ့မြင်ရပါသည်။ ဆရာဝန်ကြီး ဖြစ်ချင်သည်။ စစ်ဗိုလ်ကြီးဖြစ်ချင်သည်။ သူဌေးကြီးဖြစ်ချင်သည်။
ငယ်စဉ်က ကျွန်တော်ဖြစ်ချင်သည့် စိတ်နှင့် ယခု လက်ရှိဖြစ်နေသည့် စိတ်အခြေအနေချင်း လုံးဝမတူညီတော့ပါ။ မိမိကိုယ်ကို စိတ်မှ လှောင်ရယ်မိပါသည်။
သို့သော် ကျွန်တော် ငယ်ရွယ်ချိန်ကာလတွင် ရေးခဲ့သည့် စာသည် အလွန်ကြာခဲ့ပြီးဖြစ်သောလည်း ကျွန်တော်တို့ ယခုလို ကြာလွန်းခဲ့သည့် အချိန်ကို သတိမထားမိခဲချေ။
ယခုကဲ့သို့ အမှတ်တရ ဖြစ်စေနိုင်သော ပစ္စည်းတစ်ခုခုကို ပြန်လည်တွေ့မြင်ရသောအခါ အချိန်ကို မြင်လာတတ်ကြပေမည်။ လူအများ ကြုံဖူးလျှင် ကြုံဖူးပါလိမ့်မည်။
ဤကဲ့သို့သော ဖြစ်ရပ်သည် အချိန်ကာလတစ်ခု၏ ကုန်ဆုံးခဲ့သောအချိန်များကို ပြန်လည်စမ်းစစ်နိုင်ပါလိမ့်မည်။ ငါသည် ဟိုရင်အချိန်းတုန်းက ဤကဲ့သို့ ရှိခဲ့သည်။ ယခုမှု ဤသို့ဖြစ်နေပေသည်။ ဟိုရင်ချိန်ကာလ၏ အတွေးအခေါ်များနှင့် ယခုအချိန်ကာလ၏ အတွေးအခေါ်များကို မိမိကိုယ်ကို မည်မျှတိုးတက်လာသည်ဟု သုံးသပ်နိုင်လိမ့်မည်။ မျှော်မှန်းထားခဲ့သည် အနာဂတ်ကာလသို့ ရောက်ရှိလာသည့်အခါ ပစ္စပ္ပုန်ထက် ပိုမို၍ကောင်းမည်ဟု ထင်ရပါလိမ့်မည်။
ကျွန်တော်တို့ အချိန်ကို အဓိပ္ပါယ်ရှိစွာ အသုံးချခြင်းဖြင့် အချိန်ရဲ့ ကျေနပ်မှုကို ရရှိလာပါလိမ့်မည်။ စိတ်ကျေနပ်မှုသည် လေးနက်သော ပျော်ရွှင်မှု တစ်ခု
ဖြစ်လိမ့်မည်။ ပျော်ရွှင်မှုတစ်ခုတည်းသာ ဦးစားပေးလျှင် အချိန်မှ ပေးမည့် ပျော်ရွှင်ခြင်းကို မရနိုင်ပါ။ အချိန်ရဲ့ ကုန်ဆုံးချိန်တွေကို အချိန်တိုင်း သိချင်လျှင်အချိန်တိုင်း အမြဲတမ်း သတိနှင့်နေပါ။
Monday, January 14, 2013
မဟုတ်ပြောထိုးအံ့
ရုပ်ကလေးကြည့်တော့ ခင်စရာ
သူ့ပုံက မချိုမချဉ် ယိသဲ့သဲ့နဲ့
မထိတထိ မရွံ့ပြောတတ်
ခင်ပါ့မယ့် ကြံကာရွယ်သေး
ဇာတိတွေ ပေါ်ပေါ်လာလို့
ပြင်ရနိုင်လား ပြင်ပေးမယ်လေး..။
ယုတ်စွအမှန် စိတ်ယုတ်တွေကို
ဖျောက်မရတောင် လူရှေ့တော့ ထုတ်ပါနဲ့
ကွယ်ရာမှာ အတင်းတုတ်
ဒါ.. မင်းအလုပ်...
မိန်းမမို့ မပြောသာတယ်
ဖြစ်လေ့ရှိတာ မဆန်းပေါင်
စေတနာရှေ့ထား သင်လေတက်ပါနော့
ပေါက်ကရ တကယ်လုပ်
မဟုတ်တာ မပြောနဲ့
ပါးစပ်ယားလို့ လက်သီးတောင်းလား
ထိုးလေမယ်ကွဲ့..။ ။
သူ့ပုံက မချိုမချဉ် ယိသဲ့သဲ့နဲ့
မထိတထိ မရွံ့ပြောတတ်
ခင်ပါ့မယ့် ကြံကာရွယ်သေး
ဇာတိတွေ ပေါ်ပေါ်လာလို့
ပြင်ရနိုင်လား ပြင်ပေးမယ်လေး..။
ယုတ်စွအမှန် စိတ်ယုတ်တွေကို
ဖျောက်မရတောင် လူရှေ့တော့ ထုတ်ပါနဲ့
ကွယ်ရာမှာ အတင်းတုတ်
ဒါ.. မင်းအလုပ်...
မိန်းမမို့ မပြောသာတယ်
ဖြစ်လေ့ရှိတာ မဆန်းပေါင်
စေတနာရှေ့ထား သင်လေတက်ပါနော့
ပေါက်ကရ တကယ်လုပ်
မဟုတ်တာ မပြောနဲ့
ပါးစပ်ယားလို့ လက်သီးတောင်းလား
ထိုးလေမယ်ကွဲ့..။ ။
မတနောင်တ
ဖြစ်ခဲ့တဲ့ အတိတ်ကို
လွမ်းမျှော်သသ မှန်းမျှော်စပြီး
တမ်းဖို့ရန် မသင့်တော့ချေ...။
ဖြစ်မည်ထင်ရ အတိတ်ကိုလဲ
မှန်းဆယောင်ယောင် မျှော်တော်ရှည်ပြီး
ငေးမှိုင်ဖို့ရန် မသင့်တော့ချေ...။
ဤချိန်ကာလ ပစ္စုပ္ပန်ဝယ်
လုပ်သင့်သည်ကို မစောင့်ဆိုင်းဘဲ
မငေးမငိုင် မတုန့်မဆိုင်း
မြန်လျှင်မြန်ချင်း လုပ်စမ်းပါလေ့
နောင်ခါတရ မလုပ်နာဟု
နောင်တဆိုတာ မရှိလင့်အံ့...။
(ဒဂုံမင်းချစ်သူ)
(နောင်တ ဆိုတာ ရထားလမ်းတစ်ခုလို စပြီးရင်တော့ သံသရာ မဆုံးသတ်နိုင်ဘူးမိတ်ဆွေ)
လွမ်းမျှော်သသ မှန်းမျှော်စပြီး
တမ်းဖို့ရန် မသင့်တော့ချေ...။
ဖြစ်မည်ထင်ရ အတိတ်ကိုလဲ
မှန်းဆယောင်ယောင် မျှော်တော်ရှည်ပြီး
ငေးမှိုင်ဖို့ရန် မသင့်တော့ချေ...။
ဤချိန်ကာလ ပစ္စုပ္ပန်ဝယ်
လုပ်သင့်သည်ကို မစောင့်ဆိုင်းဘဲ
မငေးမငိုင် မတုန့်မဆိုင်း
မြန်လျှင်မြန်ချင်း လုပ်စမ်းပါလေ့
နောင်ခါတရ မလုပ်နာဟု
နောင်တဆိုတာ မရှိလင့်အံ့...။
(ဒဂုံမင်းချစ်သူ)
(နောင်တ ဆိုတာ ရထားလမ်းတစ်ခုလို စပြီးရင်တော့ သံသရာ မဆုံးသတ်နိုင်ဘူးမိတ်ဆွေ)
Friday, January 4, 2013
အသဲတွေမြေခရင် ရူးလိမ့်မယ်.
သိပ်လှတဲ့ မျက်ဝန်းတွေနဲ့
တို့ရဲ့ရင်မှာ ကိန်းအောင်းနေတဲ့ ချစ်ခြင်းတွေကို မင်းနိုးဆွခဲ့တယ်..
ချိုမြိန်သော မင်းရဲ့စကားသံတွေက
တို့ရဲ့ နှလုံးသားကို အနေခက်စေတယ်..
ခုတော့....
ချစ်စရာကောင်းတဲ့ မင်းရဲ့ အပြုံးတစ်ပွင့်အောက်မှာ
ငါတော့ မရှုမလှအောင် ကျရုံးသွားပြီကွာ....
ဒါပေမယ့်.....
သာယာနေလို့ရတဲ့ ဘဝကြီးပါ..
တောင်းဆိုချင်တာက..
မဲ့ပြုံးတော့ မပြုံးပါနဲ့နော်.....
တို့အသဲတွေ မြေခရင် ရူးသွားလိမ့်မယ်. ချစ်သူ...
တို့ရဲ့ရင်မှာ ကိန်းအောင်းနေတဲ့ ချစ်ခြင်းတွေကို မင်းနိုးဆွခဲ့တယ်..
ချိုမြိန်သော မင်းရဲ့စကားသံတွေက
တို့ရဲ့ နှလုံးသားကို အနေခက်စေတယ်..
ခုတော့....
ချစ်စရာကောင်းတဲ့ မင်းရဲ့ အပြုံးတစ်ပွင့်အောက်မှာ
ငါတော့ မရှုမလှအောင် ကျရုံးသွားပြီကွာ....
ဒါပေမယ့်.....
သာယာနေလို့ရတဲ့ ဘဝကြီးပါ..
တောင်းဆိုချင်တာက..
မဲ့ပြုံးတော့ မပြုံးပါနဲ့နော်.....
တို့အသဲတွေ မြေခရင် ရူးသွားလိမ့်မယ်. ချစ်သူ...
သူ့သိအောင်ဘယ်လိုပြောပြရမလဲ?
အချစ်…အချစ် (သူသိအောင် ဘယ်လိုပြောရမလဲနော်)
အချစ်ဆိုတာကို
လက်ကလေးနဲ့ ဆုတ်ကိုင်လို့ပြချင်တယ်…
သူမြင်အောင်လို့။ ။
ညညကျ…
ကျွန်တော်ရွတ်ဆိုနေတဲ့
သူ့ကို ချစ်တဲ့အကြောင်းလေးတွေကို
သူကြားစေချင်တယ်။ ။
တကယ် ဘုရားစူး
ကျွန်တော်ချစ်တာ
သူသိစေချင်ရဲ့။ ။
နွေလည်းနွေမို့
သက်သေပြပါဆိုတဲ့စကားတစ်ခွန်းကို
ကြိုးစားခဲ့တာ ပိတောက်တွေသိတယ်။ ။
မိုးကျတော့လည်း
မိုးပြာရောင် ထီးကလေးအသိဆုံးပဲ
ကျွန်တော်မိုးပေးထားတဲ့ ထီးကလေးက
သူ့တစ်ယောက်စာ။ ။
ဆောင်း ပန်းချယ်ရီ
နှင်းငွေ့ရီရီတွေကြားမှာလေ
နွေးထွေးခွင့်ရဖို့ အဖြေတောင်းတော့။ ။
အချစ်ဆိုတာဘာလဲ…၊
ကျွန်မကို သက်သေတစ်ခုခုပြပါလားတဲ့…
ကဲ…..
အချစ်ဆိုတာကို
လက်ကလေးနဲ့ ဆုတ်ကိုင်လို့ပြချင်တယ်…
သူမြင်အောင်လို့။ ။
ညညကျ…
ကျွန်တော်ရွတ်ဆိုနေတဲ့
သူ့ကို ချစ်တဲ့အကြောင်းလေးတွေကို
သူကြားစေချင်တယ်။ ။
တကယ် ဘုရားစူး
ကျွန်တော်ချစ်တာ
သူသိစေချင်ရဲ့။ ။
နွေလည်းနွေမို့
သက်သေပြပါဆိုတဲ့စကားတစ်ခွန်းကို
ကြိုးစားခဲ့တာ ပိတောက်တွေသိတယ်။ ။
မိုးကျတော့လည်း
မိုးပြာရောင် ထီးကလေးအသိဆုံးပဲ
ကျွန်တော်မိုးပေးထားတဲ့ ထီးကလေးက
သူ့တစ်ယောက်စာ။ ။
ဆောင်း ပန်းချယ်ရီ
နှင်းငွေ့ရီရီတွေကြားမှာလေ
နွေးထွေးခွင့်ရဖို့ အဖြေတောင်းတော့။ ။
အချစ်ဆိုတာဘာလဲ…၊
ကျွန်မကို သက်သေတစ်ခုခုပြပါလားတဲ့…
ကဲ…..
သွေးဆေးမျက်ရည်
ကောင်မလေး...
ဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ ဘဝကြီးမှာ..
မင်းက ငါ့ကို ပစ်ချင်တိုင်း ပစ်ထားခဲ့တယ်ကွာ..
မင်းပြုသမျှကို ငါ့.. ရင်စည်းခံပြီး..
မင်းအတွက်နဲ့ ငါ့ရဲ့ မျက်ရည်တို့ကျဆင်းခဲ့တယ်...
ခုတော့ ငါ့မျက်ရည်တွေ ခမ်းလုပြီ.
မင်းအတွက်နဲ့ နာကျင်သမျှကို
နောက်ဆို.. ငါ့မျက်ရည်က မဆေးပေးတော့ဘူး သိလား
ငါ့မှာ နင်ကျင်မှုကိုဆေးဖို့ နှလုံးသားထဲက သွေးပဲရှိတော့တယ်..
မင်းပေးသမျှ ဒုက္ခဝဋ်ကြွေးကို...
ငါ့နှလုံးသားထဲက သွေးတို့က ကျေနပ်စွာ ဆေးလျှက်ပေါ့..။
ဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ ဘဝကြီးမှာ..
မင်းက ငါ့ကို ပစ်ချင်တိုင်း ပစ်ထားခဲ့တယ်ကွာ..
မင်းပြုသမျှကို ငါ့.. ရင်စည်းခံပြီး..
မင်းအတွက်နဲ့ ငါ့ရဲ့ မျက်ရည်တို့ကျဆင်းခဲ့တယ်...ခုတော့ ငါ့မျက်ရည်တွေ ခမ်းလုပြီ.
မင်းအတွက်နဲ့ နာကျင်သမျှကို
နောက်ဆို.. ငါ့မျက်ရည်က မဆေးပေးတော့ဘူး သိလား
ငါ့မှာ နင်ကျင်မှုကိုဆေးဖို့ နှလုံးသားထဲက သွေးပဲရှိတော့တယ်..
မင်းပေးသမျှ ဒုက္ခဝဋ်ကြွေးကို...
ငါ့နှလုံးသားထဲက သွေးတို့က ကျေနပ်စွာ ဆေးလျှက်ပေါ့..။
Wednesday, January 2, 2013
ISO အမှတ်တရ... (ကိုယ်တွေ့)
ISO
တဲ့ဗျာ.... ကျွန်တော် အလုပ်သွားလျှောက်လိုက်တာ.. RedLink Communication
Company မှာပေါ့ဗျာ...အလုပ်လေး ပုံမှန်လုပ်ရင်း ဟိုလုပ်ဒီလုပ်ကနေ .. ISO
လာစစ်မယ်တဲ့... ဘာလဲ ISO ကြားတော့ ကြားဖူးပါတယ်.. ဒါပေမယ့်
ဘာမှန်းကိုမသိတာ.. ကိုယ်မှမသိတာပဲဗျာ.. ပြန်မေးကြည့်တာပေါ့.. သိတယ်ဆိုပြီး
ညိမ်နေရင် ဒါဆိုပြောပြလို့ ပြောလာရင် ခွေးအကြီး လှည်းနင်း
ဖြစ်တော့မှာပေါ့.. ဒါနဲ့ပဲ သိဘူး လို့ ပြောရတာပေါ့..
ISO
ဆိုတဲ့ အဓိပ္ပါယ်ကတော့ International Stantard Organization တဲ့..
လုပ်ဆောင်ရမယ့် ကိစ္စတွေကတော့.. Process တွေ တစ်ခုနဲ့ တစ်ခု
ချိတ်ဆက်မိစေဖို့ပေါ့ဗျာ..။ ဒီလိုနဲ့ ISO မြှားဦးကြီးက
ခုမှစဝင်တဲ့ကျွန်တော် လွတ်မလားမှတ်တယ်.. တည့်တည့်ကို တိုးတာပဲဗျာ..
ကျွန်တော်ကလဲ ချသာချ တက်လာမယ့် ပြဿနာ နောက်မှ မျက်နှာချင်းဆိုင်
ရှင်းတတ်တဲ့ သူ ဆိုတော့ ... လုပ်ရတာပေါ့..။
လုပ်လိုက်ရတဲ့ အဖြစ်အပျက်ကတော့ ဒီလိုပဲ ပြောပြမယ်နော်......
ကဲ ISO တဲ့ဟေ့.....
ဘယ်သူ့ကိုမေးရမှန်းလဲ
မသိဘူး ဘယ် File ကိုစကိုင်ရမှန်းလဲ မသိဘူး ISO ဆိုတာကြီး ကြားကတည်က
အလိုလို ခေါင်းကရှုပ်နေတယ်ဆိုတော့ .. လုပ်ပြီဆိုတာနဲ့ စဉ်းစားသာကြည့်
မသောက်ရသေးပဲနေတိုင်းမူးနေရတဲ့ အဖြစ်ပေါ့.။ ဒီလိုနဲ့ ဟိုဟာဆွဲလိုက်...
သူများလုပ်ပြီးသားလေး ယူကြည့်လိုက်.. ဒီဟာဆွဲလိုက်
သူများလုပ်ပြီးသားလေးယူကြည့်လိုက်နဲ့ အချိန်တောင် တစ်ပတ်လောက်ကုန်သွားတယ်
။ ကျွန်တော်ရဲ့ Job Direction က Admin လေ ဘာ Admin လဲတော့ ကျွန်တော်လဲ
ကျွန်တော်ဘာသာ မသိဘူး ။ အဲ့ဒါနဲ့ပဲ Office File တွေ တွေကိုင်လိုက်
Maintenance File တွေကောက်ကိုင်လိုက် .. မရှိတဲ့ File တွေကလဲ
နည်းနည်းလေးထင်တာနှစ်လလောက် မရှိတာတွေ ပြန်လုပ်လိုက်ရတယ်..။ ဟိုဟာမရှိ ..
ဒီဟာကလဲ မရှိနဲ့ ပြီးတော့ ISO ဆိုတာကို အဓိပ္ပါယ်လေးတစ်ခု လောက်သိတဲ့
ကျွန်တော်လို လူက လုပ်နေရတယ်။ တစ်ယောက်တည်း မျက်စိတွေ မူး ခေါင်းတွေ
မှောက်.။ အဲ့ ခေါင်းမှောက်ဆိုလို အိပ်နေတယ်မထင်နဲ့။ တမင်ရေးလိုက်တာ။
ဒီကြားထဲ ရုံးက ဖြစ်သမျှ ကိစ္စတွေကိုလဲ ဒိုင်ခံလုပ်ရသေးတယ်။ ဖြစ်ချင်တော့
ရုံးမှာကလဲ တက်လာတဲ့စာတွေကလည်း အတော်များတယ်။ ဖြစ်ပုံက အဲ့လိုပဲ။
အဲ့ဒါတွေလည်း တစ်ယောက်တည်း ဒိုင်ခံ ဖြေရှင်းရသေးတယ်။ နောက် မအားတဲ့ ကြားကနေ
နားခါးလှတဲ့ ISO ဆိုတာကြီးကိုလဲ လုပ်ရသေးတယ်။ ဟိုပြေးရ ဒီပြေးရနဲ့
မန်နေဂျာက တစ်မျိုး နောက် မန်နေဂျာကြီးက တစ်မျိုး အားလုံးပေါင်းတော့
ပတ်လည်ရိုက်ကုန်ရော.. ပြန်ပြောလို့ကလဲ မရ ..။ ဒါပေမယ့် အားတက်စရာစကားတော့
ပြောပါတယ်။ ကိုဇေမင်းဟန် ISO ပဲလုပ် ကျန်တာ တစ်ယောက်ကိုခိုင်းတဲ့။
ကြားလိုက်တဲ့ အခါတော့ အားတက်စရာပဲ .. ဒါပေမယ် နောက်ကို ပြန်ကြည့်လိုက်တော့
ကိုယ် ထက်ငယ်တဲ့ သူတစ်ယောက်မှ မရှိတော့။ သွားခိုင်းရမှာ အားနာစရာလေ။
ဒီလိုနဲ့ပဲ တစ်ယောက်တည်း အလုပ်တွေ သိမ်းကျုံးလုပ်ရတာပေါ့ဗျာ..။
ဒီလိုပဲ... ဟိုလိုလုပ်လိုက်..
ဒီလိုလုပ်လိုက်နဲ့... နောက်ဆုံးတော့လဲ ဒီတောင်ကို မောင်ဇေ
တစ်ယောက် အေးဆေးစွာ ကျော်နိုင်ခဲ့ပါတယ်ဗျို့....
သူငယ်ချင်း
သူငယ်ချင်း....
နင်သွားပါ.. ငါအမြဲလိုက်နေမယ် ..
နင်ရဲ့ဒေါသတွေ.. ငါ့ဆီပဲ ပုံချနေတယ်
နင်စိတ်ဆိုးလဲ ငါအမြဲချော့ပေးနေမယ်..
နင်စိတ်တိုင်းကျ .. နင့်ဆန္ဒအတိုင်း
နင်ကျေနပ်ဖို့ ငါအမြဲလိုက်ရောပေးခဲ့တယ်..
နင်ရဲ့ဒုက္ခတွေကြားထဲလဲ ငါရှေ့ကအမြဲနေပေးခဲ့ဖူးတယ်..
ဒါပေမယ့်..................
နင် ငါ့ကို တစ်ခါမှ အကောင်းမမြင်ခဲ့ဘူးနော်..
အဲ့အတွက်လဲ စိတ်မဆိုးခဲ့ပါဘူး..
ဘာလိုလဲဆိုတော့...
ငါ.... နင့်ကို.. ရိုးရိုးလေးပဲ ချစ်မိနေလို့ပေါ့...။
နင်သွားပါ.. ငါအမြဲလိုက်နေမယ် ..
နင်ရဲ့ဒေါသတွေ.. ငါ့ဆီပဲ ပုံချနေတယ်
နင်စိတ်ဆိုးလဲ ငါအမြဲချော့ပေးနေမယ်..
နင်စိတ်တိုင်းကျ .. နင့်ဆန္ဒအတိုင်း
နင်ကျေနပ်ဖို့ ငါအမြဲလိုက်ရောပေးခဲ့တယ်..
နင်ရဲ့ဒုက္ခတွေကြားထဲလဲ ငါရှေ့ကအမြဲနေပေးခဲ့ဖူးတယ်..
ဒါပေမယ့်..................
နင် ငါ့ကို တစ်ခါမှ အကောင်းမမြင်ခဲ့ဘူးနော်..
အဲ့အတွက်လဲ စိတ်မဆိုးခဲ့ပါဘူး..
ဘာလိုလဲဆိုတော့...
ငါ.... နင့်ကို.. ရိုးရိုးလေးပဲ ချစ်မိနေလို့ပေါ့...။
..မင်းရဲ့နားခိုရာ..
ချစ်.....
မင်းအားငယ်တဲ့အခါ..မင်းဝမ်းနည်းတဲ့အခါ
တို့ရဲ့ရင်ခွင်မှာ နားခိုလှည့်ပါနော်...
မင်းအတွက် ဘယ်လိုပူလောင်မှု့ကိုမဆို
တို့ရဲ့ရင်ခွင်က အေးမြခွင့်ပေးထားမှာပါ..
မင်းဘဝရဲ့ နားခိုရာဟာ .. တို့ဖြစ်သလို..
တို့ဘဝရဲ့ရှင်သန်ခြင်းဟာလည်း မင်းပါပဲ ချစ်သူရယ်....
တို့.. ချစ်တာကို ဥပက္ခာပြုပြီး ထားမသွားပါနဲ့နော်...♫
မင်းအားငယ်တဲ့အခါ..မင်းဝမ်းနည်းတဲ့အခါ
တို့ရဲ့ရင်ခွင်မှာ နားခိုလှည့်ပါနော်...
မင်းအတွက် ဘယ်လိုပူလောင်မှု့ကိုမဆို
တို့ရဲ့ရင်ခွင်က အေးမြခွင့်ပေးထားမှာပါ..
မင်းဘဝရဲ့ နားခိုရာဟာ .. တို့ဖြစ်သလို..
တို့ဘဝရဲ့ရှင်သန်ခြင်းဟာလည်း မင်းပါပဲ ချစ်သူရယ်....
တို့.. ချစ်တာကို ဥပက္ခာပြုပြီး ထားမသွားပါနဲ့နော်...♫
Subscribe to:
Comments (Atom)












