ကဗျာချစ်သော.သူငယ်ချင်းများအားလုံးကို ကဗျာရောင်စဉ်လေးများ ♫ ဒဂုံမင်းချစ်သူ ♫ မှနွေးထွေးစွာကြိုဆိုနုတ်ဆက်ပါ၏.။

Dagon MIn Chit Thu

Sunday, December 18, 2011

ဗမာ့သမီးများ

..မှတ်ပါဗမာ့သမီး..
ဗမာပြည်သား ဒို့အမျိုးတို့
ရဲသွေးသစ္စာ ခိုင်စေသမှု
အစဉ်ပြုမို့ ကမ္ဘာတိုင်အောင်
သိကြစေသည့် ဒို့ဗမာ့သား ငါတို့တတွေ။
ဗမာ့မျိုးဆက် မျိုးသမီးတို့.....
ဥစ္စာဓန ရောင့်ရဲပါလေ့.....
အမျိုးကိုလဲ ချစ်တတ်ပါလေ့.....
တချို့မှုကား ငွေဂုဏ့်ကျေးကျွန်
အမျိုးဆိုတာ မမြင်ဝံ့ဘဲ
မိမိသာလျှင် အနေချောင်လျှင်
ပြီးပါလေကော မှတ်အထင်နှင့်
မိန်းမယုတ်တို့ ဇာတ်ပြတ်လေကာ
တိုင်းပါးရပ်ခြား လူမျိုးခြားနှင့်
ချစ်ကြိုက်ကျွမ်းဝင် ထိမ်းမြှားခြင်းပင်
ဗမာ့အမျိုး ကြာလျှင်ပြုန်း၍
ဂုဏ်ငယ်ပင်လျှင် ကျစေတော့မည်။
ဗမာဟူသည် အာဂအမျိုး
မြန်မာပြည်သည် အာဂတိုင်းပြည်
တို့တတွေသည် ဗမာတွေမို့
တိုင်းပြည်အမျိုး ဂုဏ်ထိန်ပြောင်အောင်
စောက်ရှောက်ရမည် မဟုတ်ပေလော။

....ဒဂုံမင်းချစ်သူ.....

Tuesday, November 29, 2011

ISO အမှတ်တရ... (ကိုယ်တွေ့)

ISO တဲ့ဗျာ.... ကျွန်တော် အလုပ်သွားလျှောက်လိုက်တာ.. RedLink Communication Company မှာပေါ့ဗျာ...အလုပ်လေး ပုံမှန်လုပ်ရင်း ဟိုလုပ်ဒီလုပ်ကနေ .. ISO လာစစ်မယ်တဲ့... ဘာလဲ ISO ကြားတော့ ကြားဖူးပါတယ်.. ဒါပေမယ့် ဘာမှန်းကိုမသိတာ.. ကိုယ်မှမသိတာပဲဗျာ.. ပြန်မေးကြည့်တာပေါ့.. သိတယ်ဆိုပြီး ညိမ်နေရင် ဒါဆိုပြောပြလို့ ပြောလာရင် ခွေးအကြီး လှည်းနင်း ဖြစ်တော့မှာပေါ့.. ဒါနဲ့ပဲ သိဘူး လို့ ပြောရတာပေါ့.. 
ISO ဆိုတဲ့ အဓိပ္ပါယ်ကတော့ International Stantard Organization တဲ့.. လုပ်ဆောင်ရမယ့် ကိစ္စတွေကတော့.. Process  တွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မိစေဖို့ပေါ့ဗျာ..။ ဒီလိုနဲ့ ISO မြှားဦးကြီးက ခုမှစဝင်တဲ့ကျွန်တော် လွတ်မလားမှတ်တယ်.. တည့်တည့်ကို တိုးတာပဲဗျာ.. ကျွန်တော်ကလဲ ချသာချ တက်လာမယ့် ပြဿနာ နောက်မှ မျက်နှာချင်းဆိုင် ရှင်းတတ်တဲ့ သူ ဆိုတော့ ... လုပ်ရတာပေါ့..။ 
လုပ်လိုက်ရတဲ့ အဖြစ်အပျက်ကတော့ ဒီလိုပဲ ပြောပြမယ်နော်......
ကဲ ISO တဲ့ဟေ့.....
ဘယ်သူ့ကိုမေးရမှန်းလဲ မသိဘူး ဘယ် File  ကိုစကိုင်ရမှန်းလဲ မသိဘူး ISO ဆိုတာကြီး ကြားကတည်က အလိုလို ခေါင်းကရှုပ်နေတယ်ဆိုတော့ .. လုပ်ပြီဆိုတာနဲ့ စဉ်းစားသာကြည့် မသောက်ရသေးပဲနေတိုင်းမူးနေရတဲ့ အဖြစ်ပေါ့.။ ဒီလိုနဲ့ ဟိုဟာဆွဲလိုက်... သူများလုပ်ပြီးသားလေး ယူကြည့်လိုက်.. ဒီဟာဆွဲလိုက် သူများလုပ်ပြီးသားလေးယူကြည့်လိုက်နဲ့ အချိန်တောင် တစ်ပတ်လောက်ကုန်သွားတယ် ။  ကျွန်တော်ရဲ့ Job Direction က Admin လေ ဘာ Admin လဲတော့ ကျွန်တော်လဲ ကျွန်တော်ဘာသာ မသိဘူး ။ အဲ့ဒါနဲ့ပဲ Office File တွေ တွေကိုင်လိုက်  Maintenance File တွေကောက်ကိုင်လိုက် .. မရှိတဲ့ File တွေကလဲ နည်းနည်းလေးထင်တာနှစ်လလောက် မရှိတာတွေ ပြန်လုပ်လိုက်ရတယ်..။ ဟိုဟာမရှိ .. ဒီဟာကလဲ မရှိနဲ့ ပြီးတော့ ISO ဆိုတာကို အဓိပ္ပါယ်လေးတစ်ခု လောက်သိတဲ့ ကျွန်တော်လို လူက လုပ်နေရတယ်။ တစ်ယောက်တည်း မျက်စိတွေ မူး ခေါင်းတွေ မှောက်.။ အဲ့ ခေါင်းမှောက်ဆိုလို အိပ်နေတယ်မထင်နဲ့။ တမင်ရေးလိုက်တာ။ ဒီကြားထဲ ရုံးက ဖြစ်သမျှ ကိစ္စတွေကိုလဲ ဒိုင်ခံလုပ်ရသေးတယ်။ ဖြစ်ချင်တော့ ရုံးမှာကလဲ တက်လာတဲ့စာတွေကလည်း အတော်များတယ်။ ဖြစ်ပုံက အဲ့လိုပဲ။ အဲ့ဒါတွေလည်း တစ်ယောက်တည်း ဒိုင်ခံ ဖြေရှင်းရသေးတယ်။ နောက် မအားတဲ့ ကြားကနေ နားခါးလှတဲ့ ISO ဆိုတာကြီးကိုလဲ လုပ်ရသေးတယ်။ ဟိုပြေးရ ဒီပြေးရနဲ့   မန်နေဂျာက တစ်မျိုး နောက် မန်နေဂျာကြီးက တစ်မျိုး အားလုံးပေါင်းတော့ ပတ်လည်ရိုက်ကုန်ရော.. ပြန်ပြောလို့ကလဲ မရ ..။ ဒါပေမယ့် အားတက်စရာစကားတော့ ပြောပါတယ်။ ကိုဇေမင်းဟန် ISO ပဲလုပ် ကျန်တာ တစ်ယောက်ကိုခိုင်းတဲ့။ ကြားလိုက်တဲ့ အခါတော့ အားတက်စရာပဲ .. ဒါပေမယ် နောက်ကို ပြန်ကြည့်လိုက်တော့ ကိုယ် ထက်ငယ်တဲ့ သူတစ်ယောက်မှ မရှိတော့။ သွားခိုင်းရမှာ အားနာစရာလေ။ ဒီလိုနဲ့ပဲ တစ်ယောက်တည်း အလုပ်တွေ သိမ်းကျုံးလုပ်ရတာပေါ့ဗျာ..။
          ဒီလိုပဲ... ဟိုလိုလုပ်လိုက်.. ဒီလိုလုပ်လိုက်နဲ့... နောက်ဆုံးတော့လဲ ဒီတောင်ကို မောင်ဇေ တစ်ယောက် အေးဆေးစွာ ကျော်နိုင်ခဲ့ပါတယ်ဗျို့....

Thursday, September 29, 2011

စဉ်းစားဦး

ချစ်ခဲ့ပြီးမှ
error တက်ရင်
I don't care ပဲ...
လမ်းခွဲပြီးမှ
miss ဆိုရင်တော့
so so sorry
ထပ်မေးကြည့်မယ်
သေချာစဉ်းစား
မင်း sure ဆို
come me come
Thanks You ပဲပေါ့..

“ အကြင်နာတွေ .. ခစားလှဲ့ ”

နင်မစေရင်တောင်
ငါက မတွေဝေပဲ နင့်အပါးနေချင်ခဲ့သူ
နောင်သံသရာအဆက်ဆက်ပေါ့
နင်က . .
ငါ့နတ်သားလေးဖြစ်တယ်
ငါ့ဘုရင်လေးဖြစ်တယ်
ငါ့ “ လွမ်းနေခွင့် ” လေးဖြစ်တယ်
မချစ်ဖူးသေးသူတစ်ယောက်အတွက်
အချစ်ဆိုတာဟာ......
နေရာတကာ....ခမ်းနားဆန်းကြယ်လို့
ရင်ကို ဆွဲကိုင်လှုပ်တယ်.....
ငါရေးစပ်ခဲ့တဲ့.....စာသားတိုင်းမှာ
ဘ၀နဲ့အချစ်ကို
ထပ်တူအချိုးချလို့...
မ၀ံ့မရဲပါပဲ . . . .
“ ငါနင့်ကို သိပ်ချစ်ခဲ့တယ် ”
အဓိပ္ပါယ်မဲ့ခဲ့တဲ့
ဆေးစက်ချရာ အရုပ်ထင်ခဲ့တဲ့ဘ၀မှာ...
ကိုယ် ကိုယ်တိုင်ဟာ....
ရုပ်သေးရုပ် တစ်ရုပ်တဲ့လား....
ငါ....ငေးမောကြည့်တော့
ကောင်းကင်ပြာပြာမှာ...
နင့်ပုံရိပ်တွေနဲ့ ငါ့အလွမ်းတွေ
သိပ်သည်းအုံ့မှိုင်းလို့ ...
“ ငါ...နင့်ကိုသိပ်ချစ်ခဲ့တယ် ”
သာမန်စကားတစ်ခွန်းပေမယ့်
နှလုံးသွေးနဲ့ ယက်လုပ်ခဲ့တဲ့...
ခပ်အက်အက် အလွမ်းတွေမှာ...
နင့်ရဲ့ အသံ...နင့်ရဲ့ဟန်..
အပြန်ပြန် အလှန်လှန်နဲ့...
ကျော်ဖြတ်ခဲ့ရတဲ့ အိပ်ပျက်ညတွေ...
မိုးသောက်တဲ့နှင်းစက်တို့...
စွတ်စိုလှဲ့ပါ ....
ဒီခြောက်သွေ့ရင်ခွင်တစ်စုံမှာ...
သူအတွက်...
ဖြူစွတ်နူးညံ့တဲ့ချစ်ခြင်းတွေ...
ကျွန်မရေးစပ်ခဲ့တဲ့ကဗျာတွေ...
သူ့ မရင်ခွင့်သို့ .... ဆောင်ကြဉ်းလှဲ့ပါ


သူငယ်ချင်း မိုးယုဝတီ၏ ရေးသားချက်...

Sunday, January 2, 2011

အလွမ်းသခင်

သစ္စာစကား ရင်ဝယ်ထားလို့
တို့တွေလက်တွဲ မဖြုတ်ဖြစ်ခဲ့
ဒီလိုနှစ်လ ရက်များမှာလေ
အချိန်ဆိုတာ မသိခဲ့သလို
ပျော်ရွှင်ခြင်းသာ ထပ်တူပြုခဲ့
တစ်နေတစ်ချိန် ခွဲရမယ်လို့
စိတ်ကုးအိမ်မက် ယောင်လို့သော်မှ
မစဉ်းစားခဲ့ ခုတော့.....
တစ်ပါးရင်မှာ သာယာနေတဲ့
မင်းကိုတွေတာ ရင်နာလိုက်တာ
ဟိုးရင်တိတ်ဟောင်း တို့ဘဝကို
ရက်စက်စွာပင် မင်းမေ့ပေမယ့်
တို့တော့ရင်မှာ ဆွေးနေမိတယ်
တို့အနားမှာ မင်းမရှိပေမယ့်
အတွေးဆိုတဲ့ ပုံရိပ်တွေနဲ့
အထီးကျန်စွာ ပျော်နေမိတယ်
ခါးသီးစွာပင် မင်းမုန်းပါစေ
အပြုံးမပျက် မမုန်းရက်လို့
အလွမ်းသခင် ဘဝလေးနဲ့
ကမ္ဘာအစွန်း ဟိုးတစ်ဖက်မှ
တိတ်တိတ်လေးသာ မမေ့မရက်
သတိရလျှက်ပေါ့ ချစ်သူရယ်...။ ။


ကဗျာရောင်စဉ်ချက်ဝန်း

♥ ♥ ♥ စကားပြောကြမယ်ဟေ့ ♥ ♥ ♥

Get your own Chat Box! Go Large!